သြစတြေးလျနိုင်ငံမှာလိင်တူလက်ထပ်ဖို့ကိုခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဆိုပါသဘောတူညီချက်ကိုမဲပေးမှုနဲ့ဆုးံဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ လိင်တူလက်ထပ်မှုကိုလက်ခံခြင်းက ၆၁.၆ရာခိုင်နှုန်း သဘောမတူတာက ၃၈.၄ရာခိုင်နှုန်းအရ မဲပေးမှုမှာ လိင်တူလက်ထပ်ခြင်းကမဲအရေအတွက်များကာလက်ခံသဘောတူလိုက်ခြင်းလည်းဖြစ်ပါတယ်။

နိုင်ငံအတွင်းရှိနေထိုင်သူများအားစစ်တမ်းမေးမြန်းမှုများအရစာရင်းအင်းအချက်အလက်ကောက်ယူမှုဌာနကနေရရှိလာတဲ့အချက်အလက်များကနေထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။နိုင်ငံရေးသမားများကလူထုသဘောထားစစ်တမ်းကောက်ယူမှုရလဒ်ကိုလိုက်နာကြမယ်ဆိုရင်တော့ ၂၆နိုင်ငံမြောက်လိင်တူလက်ထပ်ခြင်းကိုတရားဝင်သဘောတူသည့်နိုင်ငံဖြစ်လာမည်ဟုမျော်လင့်ထားကြတာလည်းဖြစ်ပါတယ်။နိုင်ငံရဲ့လေးပုံသုံးပုံဟာ လိင်တူလက်ထပ်ခြင်းကိုထောက်ခံကြတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့်အစိုးရကလည်းမဲပေးသူတွေသာဆန္ဒပြုမယ်ဆိုရင် လိင်တူလက်ထပ်ခြင်းအဆိုကိုလွှတ်တော်သို့တင်သွင်းမည်ဟုလည်းကတိပေးခဲ့တာလည်းဖြစ်ပါတယ်။ 

သြစတြေးလျနိုင်ငံသားစာရင်းအင်းနှင့်သတင်းအချက်အလက်ပညာရှင် ဒေးဗစ်ကယ်လရှစ်ချ််ရဲ့စာရင်းအင်းရလဒ်အရ လိင်တူလက်ထပ်ခြင်းကိုသဘောတူထောက်ခံသူ ရ၈၁၇၂၄၇ယောက် နှင့် သဘောမတူသူ ၄၈၇၃၉၈၇ ယောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။သြစတြေးလျနိုင်ငံမှာရှိတဲ့ပြည်နယ်ခြောက်ခုမှကောက်ခံခြင်းရလဒ်တွေကတော့ ဗစ်တိုးရီးယားပြည်နယ်မှ ၆၄.၉ရာခိုင်နှုန်း၊နယူးဆောက်ဝေးပြည်နယ်မှ ၅၇.၈ရာခိုင်နှုန်း ၊ Northern Territory ပြည်နယ်မှ ၆၀.၆ရာခိုင်နှုန်းနဲ့ Australian Capital Territory ပြည်နယ်မှ ရ၄ရာခိုင်နှုန်းအသီးသီးရရှိခဲ့တာလည်းဖြစ်ပါတယ်။လိင်တူလက်ထပ်ခြင်းကိုတရားဝင်ခွင့်ပြုလိုက်တဲ့ သြစတြေးလျနိုင်ငံအား နာမည်ကျော်အနုပညာရှင်များမှကြိုဆိုကြောင်းကိုလည်း Social Mediaဗတါကနေပြောကြားခဲ့ကြပါတယ်။

Source - Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။