အဆိုတော်သရုပ်ဆောင်ဝါဆိုမိုးဦးတစ်ယောက်ဟာဆိုရင် လတ်လောမှာ မြိတ်ကျွန်းစုကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူမဟာသရုပ်ဆောင်ပိုင်းမှာရော အဆိုပိုင်းမှာပါထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။ သူမကိုဝန်းရံအားပေးတဲ့ ပရိတ်သတ်တွေမနည်းပါဘူး။ သူမဟာပြီးခဲ့တဲ့ ရက်ပိုင်းတွေက သူမရဲ့ချစ်သူ Snare အဖွဲ့ကဖြိုးလေးနဲ့အတူ တောင်ကြီးမြို့ကိုအလည်သွားခဲ့ပြီး အပြန်မှာ ကျိုက်ထိုမြို့ကိုဝင်လည်ခဲ့ပါသေးတယ်။ သူမက Speed Boat ပေါ်မှာရိုက်ကူးထား တဲ့ ခပ်မိုက်မိုက်ပုံလေးကို Facebook ပေါ် တင်လိုက်တာပဲဖြစ်ပါတယ်။

သူမရဲ့ပရိတ်သတ်တွေက သူမရယ်မောနေတဲ့ပုံလေးတင်ပေးပါဆိုပြီး တောင်းဆိုတာကြောင့် သူမရယ်နေတဲ့ပုံလေးတွေကိုထပ်မံပြီး သူမရဲ့ပရိတ်သတ်တွေအတွက် တင်ပေးလိုက်ပါတယ်။ ပရိတ်သတ်ကိုမချစ်တဲ့ အနုပညာရှင်ဆိုတာ ဘယ်မှာရှိလို့လဲနော်။ သူမရဲ့ပရိတ်သတ်တွေ သဘောကျ လိုက်လျောပေးတတ်တဲ့ ချစ်စရာကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါ တယ်။ မြိတ်ကျွန်းစုရဲ့ အလှအပတွေကို သူမရဲ့အမိုက်စားဓာတ်ပုံလေးတွေနဲ့ တွဲဖက်ဖော်ပြ ထားတာဖြစ်ပါတယ်။

သူမရောက်ရှိနေတဲ့ မြိတ်ကျွန်းစုရဲ့အလှတရားများကို သူမရဲ့အမိုက်စားပုံရိပ်လေးတွေနဲ့ တွဲ ဖက်သရုပ်ဖော်ထားတဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးကို ပြန်လည်တင်ဆက် ပေး ချင်ပါတယ်။ သူမဟာလတ်တလောမှာတော့ သီချင်းတွေသီဆိုနေပြီး သူမရဲ့သံစဉ်တွေကို ပရိတ်သတ်တွေကလည်း သဘောကျနှစ်သက်ကြပါတယ်။ ခုတော့ မြိတ်ကျွန်းစုနဲ့ ဝါဆိုရဲ့ အလှတရားတွေကို ခံစားနိုင်အောင် တင်ပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။