နာမည်ကျော် ဘောလုံးစတား ဒေးဗစ်ဘက်ခမ်း နဲ့ အဆိုတော် ဗစ်တိုးရီးယား ဘက်ခမ်း တို့ရဲ့ အကြီးဆုံးသား Brooklyn Beckham ရဲ့ အချစ်ရေး ကို ပရိသတ်တွေ အလွန်စိတ်ဝင်စားကြပါတယ်။ Brooklyn Beckham တို့စုံတွဲလေး ဟာ အရမ်းကို လိုက်ဖက်တဲ့စုံတွဲလေးပါ။ Brooklyn Beckham ရဲ့ ချစ်သူ ကတော့ Chloe Moretz ပါ။ အသက် ၂၂ နှစ်ရှိပါပြီ။ သူတို့ နှစ်ယောက် တွဲသွား တွဲလာ နဲ့ ကြည်နူးဖို့ ကောင်းတဲ့ ပုံရိပ်တွေကို ပရိသတ်တွေ နှစ်သက်အားကျနေကြပါတယ်။

Brooklyn Beckham နဲ့ သူ့ရဲ့ ချစ်သူ Chloe Moretz တို့ ဘောလုံးပွဲ အတူ ကြည့်တဲ့ ဓာတ်ပုံများ လညး် ပျံ့နှ့ံခဲ့ပါတယ်။ Brooklyn Beckham နဲ့ မင်းသမီး Chloe Moretz တို့ အိုင်းရစ်ကော်ဖီကို အတူ သောက်နေကြတဲ့ ပုံတွေကို တွေ့မြင်ရမှာပါ။ Instagram ဗီဒီယို တစ်ခုမှာ လည်း Brooklyn Beckham က မင်းသမီး Chloe Moretz ရဲ့ ပါးပြင် ကို အနမ်းပေး လိုက် တဲ့ပုံကို ပရိသတ်တွေ တွေ့ခဲ့ရပါသေးတယ်။ သူတို့နှစ်ယောက် Dublin မှာ လျှောက်လည်နေကြတာပါ။

နယူးယောက် ကနေ စာသင်အပြီး ပြန်လာတဲ့ Brooklyn ကို မင်းသမီး Chloe Moretz နဲ့ အတူတူ မြို့ထဲ လက်ချင်းတွဲ လျှောက်သွားနေပုံ ကြည်နူးဖွယ်မြင်ကွင်းတွေကို ပရိသတ်တွေ အားကျနေကြပါတယ်။ မင်းသမီး Chloe Moretz ဟာ Neil Jordan ရဲ့ ရုပ်ရှင်သစ်ဖြစ်တဲ့ The Widow မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းပါ၀င် သရုပ်ဆောင်ထားပါတယ်။ မနှစ်က သူတို့စုံတွဲ နှစ်ယောက် လမ်းခွဲခဲ့သော်လည်း သြဂုတ်လ အတွင်းမှာ သူတို့ စုံတွဲ ပြန်လည်ပေါင်းထုပ်ခဲ့ပါတယ်။

Source: International Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။