ဂျင်းကောင်လို့အများကခေါ်တဲ့ ပြည်သူ့အသည်းကျော်မြင့်မြတ်တစ်ယောက်ကတော့ နောက် ပိုင်းမှာ နောက်ပိုင်းမှာဟာသဇာတ်ကားတွေနဲ့ပဲအတွေ့များရတတ်ပါတော့တယ်။ အမည် ပေါက်နှင့်ကျူး ဆိုတဲ့ Drama ကားကိုလက်ရှိမှာ ရုံတင်ပြသနေတာဖြစ်ပြီး ပရိတ်သတ် က အားပေးလို့လည်းကျေးဇူးတင်ပါ တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ ဟာသကားတွေချည်း ပဲများလာတာဖြစ်လို့ Drama ဖက်ကို သိပ် မရိုက်ဖြစ်ဘူးလို့ဆိုပါတယ်။ အဓိကအားဖြင့်တော့ ရုပ်ရှင်ဈေးကွက်ကြောင့် ဖြစ်ပါတယ်လို့ဆိုပါတယ်။

လက်ရှိရဲ့ရုပ်ရှင်ဈေးကွက်မှာ ဟာသဇာတ်ကားတွေပဲများနေတာမို့ Drama ကားကြီးဖြစ်တဲ့ အမည်ပေါက်နှင့်ကျူးဇာတ်ကားကိုရိုက်ကူးပြီး ပြသတဲ့အခါတွေမှာလည်း ရင်ခုန်တယ်လို့ဆို ပါတယ်။ ဒီလိုအခက်အခဲလေးတွေကြားထဲမှာမှ သူ့ရဲ့ Drama ကားလေးကိုအားပေးကြတဲ့ ပရိတ်သတ်ကြီးကို မြင့်မြတ်ကကျေးဇူးတင်ပါတယ်လို့ပြောကြားလိုက်ပါတယ်။ နောက်ထပ်ရိုက် ကူးမယ့် ဖားကင်ဆိုတဲ့ ဇာတ်ကားလေးကတော့ ဟာသကားလေးဖြစ်ပြီး ကလောမှာသွား ရောက်ရိုက်ကူးမယ်လု့ိသိရပါတယ်။

ဟာသဇာတ်ကားတွေများနေတဲ့အချိန်မှာ Drama ကား ဒါပထမဆုံးပါလို့တောင်ပြောလို့ရပါ တယ်တဲ့။ ပရိတ်သတ်သဘောကျပါ့မလားလို့ ရင်တထိတ်ထိတ်ရှိခဲ့ရပေမယ့် အခုလို တခဲ နက်အားပေးကြတော့ လည်း ဝမ်းသားမိတယ်လို့ဆိုပါတယ်။ စွယ်စုံရမင်းသားဖြစ်လို့ အကြမ်း အလွမ်း ဟာသ ဘာမဆို အဆင်ပြေမှာပါ။ မြင့်မြတ်ရဲ့ပရိတ်သတ်တွေကလည်း မြင့်မြတ် ဘယ်လိုဇာတ်ကားမျိုးကိုပဲရိုက်ရိုက် အားပေးနေမှာပါတဲ့။ ဟုတ်တယ်မှတ်လား ပရိတ်သတ် ကြီး။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။