အောင်သူကစားမယ့်တယ်ရိုဆာဆနာအကြောင်းတစေ့တစောင်း

အောင်သူနဲ့ထိုင်းကလပ်တွေရဲ့အပြောင်းအရွေ့ပုံပြင်တွေက

တော့မကြာမီပြီးဆုံးတော့မယ်လို့ယူဆရပါတယ်။ထိုင်းနိုင်ငံရဲ့

အပြောင်းအရွှေ့ရာသီစတင်တိုင်းအောင်သူနဲ့ထိုင်းကလပ်တွေရဲ့ပြောင်းအရွှေ့

ဇာတ်လမ်းတွေမကြားချင်မှအဆုံးပါ။်ဒီဇင်ဘာတစ်ရက်နေ့မှာထိုင်းကစားသမားအပြောင်း

အရွှေ့စတင်မှာဖြစ်ပြီးဒီနှစ်မှာတော့အောင်သူ့ရဲ့အပြောင်းအရွှေ့ဇာတ်လမ်းတို့တစ်ခန်းရပ်တော့မှာပါ။

ထိုင်းကလာတဲ့သတင်းတွေအရ

အောင်သူဟာPolice Tero Sasanaအသင်းကိုပြောင်းဖို့

သေချာသလောက်ရှိနေပြီးတယ်ရိုဆာဆနာအသင်းဒါရိုက်တာကိုယ်တိုင်လည်းကစားသမားအပြောင်း

အရွေ့အတွက်ဒီတစ်ပတ်ထဲရန်ကုန်ကိုလာမယ်လို့သိရပါတယ်။

တယ်ရိုဆာဆနာအသင်းဟာဘယ်လိုအသင်းမျိုးလဲ

ဆိုတော့မြင်သာအောင်ဥပမာပြရရင်ပရီးမီးယားလိဂ်က

လီဗာပူးအသင်းလိုပါပဲ၊၊အရင်တစ်ချိန်ကအရမ်းအောင်မြင်ခဲ့

တဲ့အသင်းဖြစ်ပြီးအခုအချိန်မှာခေတ္တအောင်မြင်မှုတွေက

ဝေးကွာနေတာမျိုးဖြစ်ပြီးအောင်မြင်မှုတွေဆီပြန်ရောက်အောက်အောင်ကြိုးစားနေတဲ့အသင်းတစ်သင်းပေါ့။

အရင်ကBECတယ်ရိုဆာဆနာဆိုတဲ့နာမည်ကနေပိုင်ရှင

်လွဲပြောင်းရယူပြီးနောက်Police တယ်ရိုဆာဆနာဆိုတဲ့နာမည်ကိုပြောင်းထားပါတယ်။လက်ရှိအသင်းပိုင်ရှင်တွေကတော့

မစ္စတာဘရိုင်ယန်နဲ့Thai Policeပါ။ဘွန်ညာချင်ဒါဆိုတဲ့

အိမ်ကွင်းကိုပိုင်ဆိုင်ထားပြီးဘန်ကောက်အခြေစိုက်အသင်းပါပဲ။

ထိုင်းပရီးမှးယားလိဂ်ချန်ပီဆုံကိုနဗစ်နှစ်ဆက်တိုက်ရယူထား

ဖူးတဲ့အသင်းဖြစ်သလိုအာရှချန်ပီယံလိဂ်မှာလည်းဒုတိယဆု

ရသည်အထိအောင်မြင်ဖူးပါတယ်။လက်ရှိထိုင်းဘောလုံးလောကရဲ့အကျော်ကြားဆုံးတွေဖြစ်တဲ့

ချာနာတစ်၊သာနာဘွန်း၊အက်ဒီဆစ်၊ထရစ်စတန်ဒိုစတဲ့

ကစားသမားတွေဟာတယ်ရိုဆာဆနာကစား

သမားဟောင်းတွေဖြစ်ပြီးသူတို့မျိုးဆက်ကိုထိုင်းဘောလုံး

လောကရဲ့Golden Generation အဖြစ်သတ်မှတ်ထား

ကြပါတယ

မြောင်တောင်ယူနိုက်တက်၊ပတ္တယားယူနိုက်တက်၊

ရတနာပုံအသင်းတို့နဲ့အလွန်နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။

ရတနာပုံမှာနည်းစနစ်ဒါရိုက်တာလာလုပ်ဖူးတဲ့မစ္စတာရောဘတ်ဟာတယ်ရိုအသင်းကပါ။

တယ်ရိုအသင်းဟာအမှန်အတိုင်းပြောရမယ်ဆိုရင်အောင်သူအတွက်အတော်သင့်တော်တဲ့အသင်းဖြစ်ပြီးတိုက်စစ်ကစား

သမားကောင်းရှားပါးနေတဲ့အချိန်မှာသူရောက်သွားတာ

အလွန်ကောင်းပါတယ်။လက်ရှိအသင်းအတွက်ဂိုးတွေရရှိရေး

အတွက်ပြင်သစ်တိုက်စစ်မှုးမိုက်ကယ်ကိုသာအားထားနေရပါတယ်။နောက်နှစ်ဘောလုံးရာသီမှာအောင်သူရောက်သွားခဲ့ရင်

နေရာပြိုင်လုစရာမလိုပဲအလွယ်တကူပွဲထွက်ခွင့်ရမှာပါ။

လက်ရှိအသင်းရဲ့စူပါစတားကစားသမားကတော့အသင်းခေါင်းဆောင်နာမည်ကြီးကွင်းလယ်လူသောင်ဂလိုပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။