လက်ရှိမှာတော့"အမည်ပေါက်နဲ့ကျူး"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိသတ်တွေကြားအရမ်းကိုရေးပန်းစားအားပေးမှုရရှိနေတဲ့သရုပ်ဆောင်အိချောပိုပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလဲသူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုထပ်မံဝေမျှလိုက်တာပဲဖြစ်ပါတယ်။ရှုတင်ရိုက်ကွင်းပေါ်ကချစ်စရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သူမရဲ့ပုံရိပ်လေးတွေကိုလူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာထက်မှာမျှဝေခဲ့တာကြောင့်သူမရဲ့ပရိသတ်တွေအချစ်ပိုစေခဲ့တာပဲဖြစ်ပါတယ်။  

အိချောပိုဟာလက်ရှိမှာတော့ကလောမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ကလောမြို့ရဲ့သဘာဝရှုခင်းတွေနဲ့သူမရဲ့ချစ်စရာပုံရိပ်လေးတွေဟာလဲအရမ်းကိုလိုက်ဖက်လို့နေပါတယ်။ပရိသတ်တွေအတွက်ထပ်မံကြည့်ရှု့ခံစားနိုင်စေရန်နောက်ထပ်ရုပ်ရှင်ကားကြီးတစ်ကားကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။လက်ရှိမှာသူမအောင်မြင်မှုများစွာရရှိထားတဲ့အော်တိုဘုရင်ရုပ်ရှင်,မည်ပေါက်နဲ့ကျူးစတဲ့ရုပ်ရှင်ကားကြီးတွေလိုပဲယခုရိုက်ကူးနေတဲ့ရုပ်ရှင်ကားကြီးဟာလဲပရိသတ်တွေအုတ်အုတ်ကျတ်ကျတ်အားပေးကြရအုန်းမယ့်အိချောပိုရဲ့အနုပညာခြေလှမ်းအသစ်ပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ကလောမြို့မှာ"ဒယ်ဒီဖားကင်"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော်မင်းသားချောမြင့်မြတ်နဲ့အတူရိုက်ကူးနေတာဖြစ်ပြီးသရုပ်ဆောင်ရဲအောင်,လွင်မိုး,ပွင့်နဲ့အခြားအနုပညာရှင်ပေါင်းများစွာနဲ့ရိုက်ကူးပုံဖော်နေတယ်လို့သိရပါတယ်။အခုရိုက်ကူးနေတဲ့ရုပ်ရှင်ကားကြီးဟာအချစ်ဟာသဖန်စီကားလေးဖြစ်တာကြောင့်ပရိသတ်ရယ်မောပျော်ရွှင်ကြရအုန်းမှာအသေအချာပါပဲပရိသတ်ကြီးရေ။။မကြာခင်မှာကြည့်ရှု့ခံစားရတော့မယ့်ပရိသတ်အချစ်တော်အိချောပိုရဲ့ရိုက်ကွင်းပေါ်ကချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။