ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ် (၁၀)လအတွင်း တရားမဝင်လိုင် စင်မဲ့မော်တော်ယာဉ်အစီးရေ ပေါင်းသုံးရာကျော်ဖမ်းမိထားတယ်လို့သိရပါတယ်။ ဖမ်းဆီးရမိတဲ့တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ် တွေဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှအများဆုံး ဖမ်းမိထားကြောင်း နေပြည်တော်ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲအရာရှိ ကြီးတစ်ဦးကပြောပါတယ်။ လက်ရှိမှာတော့ (၁၀) လတာကာလအတွင်း လိုင်စင်မဲ့ ကားအစီးရေ ၁၃၀ ကို ဖမ်းဆီး အရေးယူထားတယ်လို့ယာဉ်ထိန်းရဲအရာရှိ ကြီးတစ်ဦးကဆိုပါတယ်။

‘‘ရန်ကုန်မှာတော့ ကားက များပြီး လိုင်စင်မရှိဘဲ စီးနေတဲ့ ကားတွေလည်း ရှိတယ်။ ဖမ်းဆီး တဲ့အခါမှာလည်း ရှိတဲ့အင်အားနဲ့ ဖမ်းနေရတော့ နေရာတိုင်းမဖမ်း နိုင်ဘူး။ အရင်တုန်းကလည်း စီမံ ချက်တွေနဲ့ ဖမ်းနေတာတွေရှိပါ တယ်’’ဟု နေပြည်တော်ယာဉ် ထိန်းရဲတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲ အရာရှိကြီးက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း တစ်လလျှင် လိုင်စင်မဲ့ကားအစီးရေ ၂၀ ကျော်ဖမ်းမိနေပြီး ယခုနှစ် ၁၀ လအတွင်း ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့မှာတော့လိုင်စင်မဲ့ကားများ ဖမ်းဆီး ရမိမှုမရှိသေးဘူးလို့သိရပါတယ်။ 

ယခုနှစ်မေလအတွင်းလိုင်စင်မဲ့ကားအများဆုံးဖမ်းဆီးရမိခဲ့တာပဲဖြစ်ပါတယ်။မေလအတွင်းလိုင်စင်မဲ့ကားစုစုပေါင်း(၅၉)စီးဖမ်းစီးရမိခဲ့ပြီး (၁၀) လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ကားအစီးရေ ၁၃၀၊ မွန်ပြည်နယ် တွင် ၈၅ စီးနှင့် မန္တလေးတိုင်းတွင် ၄၃ စီး အသီးသီးအများဆုံးဖမ်းဆီးရမိ ထားတယ်လို့သိရပါတယ်။တချို့အိမ်စီးကားတွေဆို ရင် ပုံစံတူပွားပြီး စီးနေတာတွေရှိ တယ်။ တချို့ကလည်း မသိဘဲ ဝယ်စီးမိတယ်။ တစ်ခါကဆို အွန် လိုင်းမှာတောင်တက်လာသေး တယ်။ ဧရာဝတီတိုင်းမှာ တက္ကစီ နဲ့ ရန်ကုန်တက္ကစီနံပါတ်တူ၊ မော် ဒယ်တူပုံစံတူဖြစ်နေတာ။ ဒါတွေ ကိုလည်း ကားဝယ်စီးမယ့်သူတွေ သတိထားရမယ်’’ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ကိုရခိုင်က ပြောပါတယ်။

ကားအင်ဂျင်နံပါတ်နှင့် ကားဘောင်နံပါတ်များကို ပုံစံတူအမျိုး အစားကားများတွင် ရိုက်နှိပ်၍ မောင်းနှင်နေသည့် ကားအချို့ကို ဖမ်းဆီးရမိထားပြီး ကားဝယ်မည့်သူများအနေဖြင့် မိမိဝယ်ယူမည့်ကားသည် တရားဝင်လိုင်စင် ရှိ၊ မရှိ ကညနရုံးသို့ သွားရောက်စစ်ဆေးသင့်ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးကအကြံပြုထားပါတယ်။

Photo - Credit

Source - 7 Day 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။