မြောက်ကိုရီးယား ရဲ့ နျူးကလီးယား ဒုံးပျံတွေ မိနစ် ၂၀ အတွင်း ရောက်ရှိလာနိုင်တာကြောင့် အမေရိကန် နိုင်ငံ အလာစကာပြည်နယ် မှာ ကြိုတင်ကာကွယ်ဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ အမေရိကန် အရေးပေါ် အခြေအနေ စီမံခံ့ခွဲရေး တာဝန်ရှိသူတွေက ကင်ဂျုံအန်း ရဲ့ နျူးကလီးယား ဒုံးပျံတွေ အလာစကာပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတွေ အပေါ်ကို အချိန်မရွေးကျရောက်နိုင်တယ် လို့ သတိပေးထားပါတယ်။ ပြီးတော့ ဒေသခံတွေ အနေနဲ့ အဆိုပါ တိုက်ခိုက်မှု မျိုး ကြံုတွေ့လာပါက အကာအကွယ် တွေအောက်မှာ ပုန်းအောင်းကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန် အရေးပေါ် အခြေအနေ စီမံခံ့ခွဲရေး တာဝန်ရှိသူတွေ က ပြည်သူတွေ အနေနဲ့ အရေးပေါ် အစားအသောက်၊ ရေ၊ ဓာတ်မီး နဲ့ ရေဒီယို တွေ အဆင်သင့် ပြင်ဆင်ထားဖို့ တိုက်တွန်းထားပါတယ်။ အလာစကာပြည်နယ် Fort Greelyမှာ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား ဒုံးပျံတွေ ကို ကြားဖြတ်ပစ်ချ နိုင်တဲ့ တိုက်ချင်းပစ် ဒုံးပျံ တွေကို ထားရှိ ပါတယ်။ ရေဒါကြိုတင်ကာကွယ်ရေး စနစ်တွေလည်း အလာစကာပြည်နယ် လေတပ် စခန်းဖြစ်တဲ့ Clear Air Force Station မှာ ထားရှိပါတယ်။ အဆင့်မြင့် ဒုံးပျံ ကာကွယ်ရေး စနစ်တွေ ကို တပ်ဆင်ထားရှိပါတယ်။

ထို့အတူ အမေရိကန် နိုင်ငံ ရဲ့ ဟာဝိုင်ယီ မှာ ရှိတဲ့ အမေရိကန် အရေးပေါ် အခြေအနေ စီမံခံ့ခွဲရေး တာဝန်ရှိသူတွေ က လည်း သူတို့ဆီကို ကင်ဂျံုအန်း ရဲ့ နျူးကလီးယား ဒုံးပျံတွေ မိနစ် ၂၀ အတွင်း ရောက်ရှိနိုင်ကြောင်း အတည်ပြုပြောကြားထားပါတယ်။ မြောက်ကိုရီးယား နဲ့ အနီးကပ်ဆုံး အမေရိကန် ပိုင်နက်ကတော့ ဂူအမ်ကျွန်းပါ။ ကင်ဂျံုအန်း ရဲ့ မြောက်ကိုရီးယား နဲ့ မိုင်ပေါင်း ၁၀၀၀ မျှ သာသာ အကွာအဝေးမှာရှိပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။