ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်မနေ့က နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်း (အထက်ဘလောက်ရှိ ) အရပ်အခေါ် ဘိန်းစားတန်းဈေးကို စတင်ရှင်းလင်းနေပြီးလို့သိရပါတယ်။ 

အဆိုပါ ရွှေဘုံသာလမ်း ဈေးတန်းတွင် အမှန်တကယ်ဈေးရောင်းချနေသူများကို စာရင်းကောက်ယူ နေတယ်လို့သိရပါတယ်။ စာရင်းကောက်ယူ စိစစ်ထားတဲ့အထဲမှ အချက်အလက် ပြည့်စုံမှန်ကန်သူတွေကို မဲနှိုက်ကာ ပန်းဆိုးတန်းလမ်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကမ်းနားညဈေးတန်းသို့ ပြောင်းရွေ့နေရာချထားပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ရွှေ့ပြောင်းရောင်းချခွင့်ပြုထားတဲ့ ဆိုင်ခန်းပေါင်း ၃၀၃ ဆိုင်ရှိပြီး စားသောက်ဆိုင် (၁၀)ဆိုင်းဘုတ်(၂၃)ဆိုင်၊ ကျောက်မျက် ဆိုင်(၁၄)ဆိုင်၊အထည်ဆိုင်(၁၂ )ဆိုင်၊ နာရီ မျက်မှန် ဆိုင်(၂၅)ဆိုင် သစ်သီးကုန်စိမ်း ၄ ဆိုင်၊ ဖုန်းနှင့် အခြား (၂၁၅) ဆိုင် တို့ပါဝင်ကြောင်း သိရပါတယ်။စတင်ရှင်းလင်း ရွှေ့ပြောင်းလိုက်တဲ့နေ့မှစပြီး တစ်လအတွင်း အင်အားသုံး ရှင်းလင်းဆောင်ရွက်ရန် စီမံထားပြီး စည်းကမ်းလိုက်နာမှုမရှိတဲ့ဆိုင်များကို ဥပဒေအရ တရားစွဲဆို အရေးယူသွားမှာဖြစ်တယ်လို့ YCDCအနောက်ပိုင်းခရိုင်မှူး ဦးငွေစိုးကပြောပါတယ်။

သတင်းအရင်းအမြစ် - လင်းလင်းအောင်(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။