Britney Spears တစ်ယောက် သူမ ရဲ့ ခန္ဓာကိုယ် အလှကို ထိန်းသိမ်းဖို့ Gym သွား ကစားနေပါတယ်။ လူမှုကွန်ယက် စာမျက်နှာ ဖြစ်တဲ့ Instagram ပေါ်မှာ သူမ Gym သွားတုန်း ရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။ ကလေးနှစ်ယောက် အမေ ဖြစ်တဲ့ Britney Spears ဟာ Gym ကစားတုန်းဝတ်ရတဲ့ အားကစား ၀တ်စုံ ကို ၀တ်ဆင်ထားပါတယ်။ သူမ ဟာ Gym သွားကစားဖြစ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယို တွေကို Instagram ပေါ် မကြာခဏ တင်လေ့ရှိပါတယ်။

Britney Spears ရဲ့ ကျန်းမာရေးလိုက်စားမှု နဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေကို လည်း ပရိသတ်ကိုမျှဝေခဲ့ပါသေးတယ်။ အချိန်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ဖို့ သူမ က တိုက်တွန်းခဲ့ပါတယ်။ နေ့စဉ်ပုံမှန် အားကစားပြုလုပ်ခြင်းဟာ စိတ်ရောလူရောကျန်းမာ ဖို့ အဓိက ပါပဲ လို့ သူမ က ရှင်းပြခဲ့ပါတယ်။ သူမ က ပုံမှန် Gym သွားပြီး လေ့ကျင့်ခန်းတွေ ပြုလုပ်နေပါတယ်။

Britney Spears ဟာ တစ်ချိန် က တကယ့်ကို အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ သူမ ရဲ့ တေးသီချင်းတွေဟာ လူငယ်တွေ ကြားမှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။ သူမ ရဲ့ ပရိသတ်တွေ ကလည်း လက်ရှိ အချိန်ထိ် သူမကို ဆက်လက် အားပေးနေကြပါတယ်။ သူမရဲ့ လှုပ်ရှားမှု တွေကို သိရှိ လိုတဲ့ သူမရဲ့ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source: International Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။