iPhone အားသွင်းကြိုး အပျက် နဲ့ ဖုန်းအားသွင်းပြီး အိပ်ရာထဲ ထားအိပ်မိရာ ကနေ ဓာတ်လိုက်သေဆုံးမှု တစ်ခု ဗီယက်နမ် နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦး ဓာတ်လိုက်သေဆုံးသွားခဲ့တာပါ။ သူမ နာမည် ကတော့ Le Thi Xoan ပါ။ သူမ သေဆုံးချိန်မှာ အသက် ၁၄ နှစ်သာရှိပါသေးတယ်။ သူမဟာ အိပ်နေစဉ် အားသွင်းထားတဲ့ ဖုန်းအားသွင်းကြိုး အပျက် ပေါ်ကို လှိမ့်မိရာကနေ ရှော့ခ်ဖြစ်သေဆုံးခဲ့တာပါ။

အဲ့ဒီ့ ဆယ်ကျော်သက် အရွယ် မိန်းကလေး ဟာ သူမရဲ့ iPhone 6 ကို သူမရဲ့ ခုတင်ဘေးမှာ အမြဲတမ်း ထားပြီး အိပ်လေ့ရှိပါတယ်။ တာဝန်ရှိသူတွေက မီးလောင်ကျွမ်းနေတဲ့ အဖြူရောင် ကေဘယ်လ်ကြိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးဆရာဝန်တွေက ရှော့ခ်ဖြစ်ပြီး သေဆုံးသွားတာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ တာဝန်ရှိသူတွေကတော့ သူမရဲ့ iPhone 6 ကို သူမရဲ့ ခုတင်ဘေးမှာ အမြဲတမ်း ထားပြီး အိပ်လေ့ရှိတာ ကြောင့်သာ ယခုလို ရှော့ခ်ဖြစ်သေဆုံးခဲ့တယ် လို့ ယုံကြည်နေပါတယ်။

ဖုန်းအားသွင်းကြိုးကို တာဝန်ရှိသူများက စစ်ဆေးနေပြီး Apple အားသွင်းကြိုး အစစ် သို့မဟုတ် စျေးပေါတဲ့ အားသွင်းကြိုး အတုလားဆိုတာ ကို အတည်ပြုဖို့ လုပ်ဆောင်နေပါတယ်။ ပုံမှာ ပြထားတဲ့ ဓာတ်ပုံ အရတော့ဖုန်းအားသွင်းကြိုးဟာ အစစ်မှာ ရှိိရမယ့် အရှည်ထက် တိုနေတဲ့ ပုံပေါ်နေပါတယ်။ သူမရဲ့ သူငယ်ချင်းတွေ နဲ့ မိသားစု တွေဟာ သူမ ရဲ့ စျာပန အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ အသက်ငယ်ငယ် နဲ့ သေဆုံးခဲ့ရတဲ့ အတွက် ကြောင့် သူမ အတွက် အားလုံးက ၀မ်းနည်းနေကြပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။