ရဲတိုက်ရဲ့ချစ်ပရိသတ်တွေအတွက်ကတော့တကယ်ကိုဝမ်းသာစရာသတင်းကောင်းပဲဖြစ်ပါတယ်။နိုဝင်ဘာ(၁၇)ရက်နေ့ဒီနေ့မနက်(၇)နာရီခွဲအချိန်ခန့်မှာတောင်ငူအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။

တကယ့်ကိုဝမ်းသာစရာသတင်းပါပဲနော်။ရဲတိုက်တစ်ယောက်ဘလောက်တောင်ပျော်နေလိုက်မလဲပရိသတ်ကြီးရေ။ဒီနေ့မှာတော့ကျန်းကျန်းမာမာနဲ့အရမ်းကိုပျော်ရွှင်နေတဲ့ရဲတိုက်ရဲ့ပုံရိပ်လေးတွေကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်။ရဲတိုက်နဲ့သူရဲ့ချစ်ပရိသတ်တွေအတွက်ကတော့တကယ်ကိုဝမ်းသာစရာသတင်းကောင်းပဲဖြစ်ပါတယ်။

လူမှုကွန်ယက်တွေမှာလဲကျန်းကျန်းမာမာနဲ့ပျော်ရွှင်စွာအိမ်ပြန်လာတဲ့ရဲတိုက်ရဲ့ပုံရိပ်လေးတွေဟာပျံနှံ့လို့နေပြီးရဲတိုက်နဲ့ထပ်တူပရိသတ်တွေဝမ်းသားပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။

ရဲတိုုက်နဲ့အနုပညာလုပ်ငန်းတွေလုပ်တွဲလုပ်ကိုင်ခဲ့တဲ့ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှလဲဒီနေ့ရဲတိုက်လွတ်မယ်ဆိုတဲ့သတင်းလေးကိုကြေငြာလိုက်တာကြောင့်ပရိသတ်တွေအရမ်းကိုဝမ်းသာပျော်ရွှင်နေခဲ့ကြတာပဲဖြစ်ပါတယ်။

ရဲတိုက်ကိုသွားရောက်ကြိုဆိုခဲ့ကြတဲ့ချစ်ပရိသတ်တွေလဲအများကြီးရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့လေးဟာရဲတိုက်နဲ့သူရဲ့ချစ်ပရိသတ်တွေအတွက်အတိုင်းမသိဝမ်းသာပျော်ရွှင်ကြရတဲ့နေ့လေးတစ်နေ့ဆိုလဲမမှားပါဘူးပရိသတ်ကြီးရေ။

လွန်ခဲ့တဲ့၂၀၁၃ခုနှစ်ကပဲခူးတိုင်းဒေသကြီးအတွင်းမှာမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ထောင်ဒဏ်(၆)နှစ်ကျခံနေရတဲ့သရုပ်ဆောင်ရဲတိုက်ဟာချူပ်ရက်လျော့ရက်တွေပြည့်လို့ယနေ့မှာပြန်လည်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော်ရဲတိုက်ဟာပရိသတ်တွေနဲ့ပြန်လည်စုံတွေ့မယ့်နေ့ကိုကျန်းကျန်းမာမာနဲ့စောင့်မျှော်နေခဲ့တာဖြစ်ပြီးအခုဆိုရင်ဆန္ဒလေးတွေပြည့်ဝခဲ့ပြီပဲဖြစ်ပါတယ်။ဒီနေ့ဟာတကယ်ကိုပျော်စရာကောင်းတဲ့နေ့လေးပါပဲပရိသတ်ကြီးရေ။

အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာတဲ့သရုပ်ဆောင်ရဲတိုက်တစ်ယောက်ဘယ်လောက်တောင်ပျော်ရွှင်နေလဲဆိုတာသူရဲ့မျက်နှာပေါ်ကအပြုံးတွေကသက်သေပြနေတာပဲဖြစ်ပါတယ်။ပရိသတ်တွေလဲထပ်တူထပ်မျှပျော်ရွှင်ဝမ်းမြောက်နိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ဆာတိုရီထုတ်လုပ်ရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။