ထိုင်းနိုင်ငံတွင် အာဆီယံဆိုက်ဘာဆီးဂိမ်းပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ယခုလ ကုန် ကျင်းပမည့် အာဆီယံ ဆိုက် ဘာ Seagame ၂၀၁၇ သို့ မြန်မာ နိုင်ငံမှ လူငယ်လေးဦး သွား ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ သတင်းအယး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အ လက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုး က ပြောကြားခဲ့ပါတယ်။ 

အဆိုပါပြိုင်ပွဲတွင် ဆိုက်ဘာ လုံခြံုရေးနှင့်ပတ်သက်သည့် မေး ခွန်းများကို ပြိုင်ပွဲပြုလုပ်ကာ ယှဉ် ပြိုင်ဖြေဆိုရပါတယ်။ အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံမှ နိုင်ငံအဆင့် ဆုရလူငယ်လေးဦးကို စေ လွှတ်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ‘‘ပြီးခဲ့တဲ့ ၂၀၁၆ က ပြုလုပ် ခဲ့တဲ့ နိုင်ငံအဆင့် ဆိုက်ဘာလုံခြံု ရေးဆိုင်ရာ ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ လူ ငယ်တွေထဲက လေးဦးကို ရွေးပြီး တော့ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် အာဆီယံ ဆိုက်ဘာ Seagame မှာ သွားရောက်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။

အာဆီယံ ဆိုက်ဘာ Sea-game ပြိုင်ပွဲကို ဂျပန်နှင့် အာဆီ ယံ ၁၀ နိုင်ငံ ပူးပေါင်းကာ ၂၀၁၅ တွင် စတင်ပြုလုပ်သည့် ဆိုက်ဘာ လုံခြံုရေးဆိုင်ရာ ပြိုင်ပွဲတစ်ခုဖြစ် ပြီး ၂ နှစ်တစ်ကြိမ် ပြုလုပ်လေ့ရှိ သည်။ ယခုပြိုင်ပွဲသည် ဒုတိယအ ကြိမ်ဖြစ်ပြီး အာဆီယံ ၁၀ နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ် သည်။ ‘‘မေးခွန်းတွေကို Geopark စတိုင်နဲ့ ထားထားတယ်။ ဖြေချင် တဲ့သူက ကိုယ်ဖြေချင်တဲ့ မေးခွန်း ကို ရွေးဖြေပြီး ရလာတဲ့အမှတ်အ ပေါ်မှာ တွက်ပြီး အမှတ်များဆုံး အဖွဲ့က အနိုင်ရရှိမှာ ဖြစ်ပါတယ်’’ဟု ပြိုင်ပွဲစနစ်နှင့်ပတ်သက်၍ ဦးရဲနိုင်မိုးက ရှင်းပြသည်။ ပထမဆုံးအကြိမ် ပြုလုပ် သည့် အာဆီယံ ဆိုက်ဘာ Sea- game ကို ၂၀၁၅ က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပပြီး ဗီယက်နမ် က ပထမ၊ ထိုင်းနှင့် ဖိလစ်ပိုင်က ဒုတိယနှင့် တတိယရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာက အဆင့် (၈)သာ ရရှိသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။