ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ က စီရော်နယ်ဒိုနှင့် ယခုတွဲနေတဲ့ချစ်သူ ဂျီယိုဂီနာရိုဒရီဂွက်ဇက်က သမီးလေးကို ဒီနေ့မှာ မွေးဖွားခဲ့ပါတယ်။ရော်နယ်ဒိုတို့မိသားစုကပျော်ရွှင်နေကာ သမီးလေးကို အလန်နာမာတီနာ လို့နာမည်ပေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ တော်တော်လေးပျော်ရွှင်နေပါတယ်။ အသက်၃၂နှစ်အရွယ်ရှိတဲ့ ရော်နယ်ဒိုက လက်ရှိအချိန်မှာ ကလေး၄ယောက်ရခဲ့ပါပြီ။  

ရော်နယ်ဒိုက ကွင်းတွင်းမှာဆိုလည်း ယခုနှစ်မှာ ဖီဖာအကောင်းဆုံးကစားသမားဆုရထားပါတယ်။ ရော်နယ်ဒိုက ရီးရဲမက်ဒရစ်နှင့်အောင်မြင်မှုအလီလီဆွတ်ခူးထားသူပါ။ ပေါ်တူဂီနှင့်လည်း ယူရို၂၀၁၆ရရှိထားပါတယ်။ ရိုနယ်လ်ဒို မှာ အသက် ရ နှစ် အရွယ် ခရစ္စတီယာနို ဂျုနီယာရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နွေရာသီကမွေးဖွားခဲ့တဲ့ အမွှာသားငယ် ၂ ဦးလည်း ပိုင်ဆိုင်ထားပါတယ်။

ယခုအခါ ရော်နယ်ဒိုက “ကျွန်တော် Ballon D’or ရ လုံး နဲ့ သားသမီးလည်း ရ ယောက် လိုချင်ပါတယ် ။ ကျွန်တော် ဘောလုံး ကစား နေသရွေ့ အောင်ပွဲတွေ ရယူနိုင်သလောက် ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ ။ အခုလက်ရှိ ကျွန်တော့ရဲ့ ရည်မှန်း ချက်က ပဥ္စမမြောက် ရွှေဘောလုံး ( Ballon D’or ) ကို ရယူနိုင်ဖို့ပါပဲ ။ အဲ့ဒါပြီးရင်တော့ နောက်တစ်နှစ် မှာ နောက်ထပ် ရွှေဘောလုံးဆု အတွက်ထပ်ပြီး ကြိုးစားသွားဦးမှာပါ။ ကျွန်တော် က အနားမှာ လူတွေ ၀န်းရံနေတာကို သဘောကျပါတယ် ။ သိုက်သိုက်ဝန်းဝန်းနဲ့ နေချင်တာပါ ။ သားသမီးတွေ မရှိတဲ့ ဘဝဟာ ဘာအဓိပ္ပါယ်မှ ရှိမှာမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။