KimKardashianရဲ့ရေမွှေးအသစ်ဟာတစ်နေ့တည်းမှာတင်ဒေါ်လာ ၁၀မီလျှံအထိရောင်းရခဲ့တာလည်းဖြစ်ပါတယ်။ရေမွှေးအသစ်ဟာ ရနံ့သုံးမျိုးနဲ့စတင်ထုတ်လုပ်ထားတာဖြစ်ပြီး ရနံ့နာမည်တွေကတော့. Crystal Gardenia,CrystalGardeniaOudနှင့်CrystalGardeniaCitrusတို့ဖြစ်ပါတယ်။အဆိုပါရနံကသုံးမျိုးနဲ့ထုတ်လုပ်တဲ့ရေမွှေးဟာဆိုရင် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကအွန်လိုင်းမှာစတင်ဖြန့်ချိပြီး၂၄နာရီအတွင်းဒေါ်လာ၁၀မီလျှံ အထိရောင်းချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အဆိုပါရေမွှေးအားကန့်သတ်အရေအတွက်အနေနဲ့ထုတ်လုပ်ရောင်းချတာလည်းဖြစ်ပါတယ်။အရေအတွက်ပေါင်း သုံးသိန်းခန့်သာထုတ်လုပ်ထားပြီး အွန်လိုင်းကနေကသာ မှာယူဝယ်ယူရရှိနိုင်တာလည်းဖြစ်ပါတယ်။ Kimဟာဆိုရင်ရေမွှေးပုလင်းဒီဇိုင်းစတင်ထွက်ရှိကတည်းကSocialMediaကနေတစ်ဆင့်ကျယ်ပြန့်စွာကြော်ငြာကာစိတ်ဝင်စားမှုကိုအရယူထားတာလည်းဖြစ်ပါတယ်။

Kimဟာစိတ်ငြိမ်အေးချမ်းစေဖို့အတွက်ရည်ရွယ်ပြီးခရစ်စတယ်တွေကို အသုံးပြုတာလည်းဖြစ်ပါတယ်။ယခုဆိုလျှင်သူမဟာသူမရဲ့ရေမွှေးထုတ်ကုန်တွေမှာခရစ်စတယ်ကိုစတင်ထည့်သွင်းလိုက်ပြီလည်းဖြစ်ပါတယ်။ကင်ဟာဆိုရင်ဇန်နဝါရီလမှာသူမရဲ့နောက်ထပ်ကလေးမမွေးခင်အထိအလုပ်တွေကိုကြိုးစားနေမယ့်သူလည်းဖြစ်ပါတယ်။Kimဟာနောက်ထပ်မိန်းကလေးကလေးတစ်ဦးအားမျော်လင့်လျှက်ရှိနေပါတယ်။လက်ရှိမှာ တစ်နှစ်အရွယ် Saint နှင့် အသက်လေးနှစ်အရွယ် North တို့ကိုပြုစုစောင့်ရှောက်နေတာလည်းဖြစ်ပါတယ်။

Source – Mirror / People 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။