ပြည်သူ့အချစ်တော် မင်းသားတစ်လက်ဖြစ်တဲ့ မြင့်မြတ်ကို သရုပ်ဆောင် မင်းသား ရဲတိုက်က ထောင်က ထွက်ထွက်ချင်းမှာပဲ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်..။

ရဲတိုက်ဟာ ယနေ့ နိုဝင်ဘာ(၁၇)ရက်နေ့မှာ တောင်ငူအကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပြီး ထောင်ကလွတ်လွတ်ချင်း မီဒီယာတွေနဲ့ အင်တာဗျူးမှာ မြင့်မြတ်ကို ဂုဏ်ပြုစကားပြောခဲ့တာ ဖြစ်ပါတယ်..။

ထောင်ထဲမှာနေရတုန်းမှာ ကြည်ခဲ့ရတဲ့ မြင့်မြတ်ရဲ့ ဂျင်းကောင် ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ပြောလိုက်တာ ဖြစ်ပါတယ်..။

မြင့်မြတ်သရုပ်ဆောင်ခဲ့သလို ရဲတိုက်က ဂျင်းကောင်ပုံစံအတိုင်း သရုပ်ဆောင်ပြီး ဂျင်းကောင် လေသံနဲ့ ပြောခဲ့တာ ဖြစ်ပါတယ်..။

ရဲတိုက်ဟာ ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ် ဇူလိုင်လမှာ ပဲခူးတိုင်းဒေသကြီး ကျော်တံခါးမြို့နယ်မှာ မူးယစ်ဆေးဝါး တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် (၆)နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်..။

ဒီနေ့ နိုဝင်ဘာ(၁၇)ရက်နေ့မှာတော့ ချုပ်ရက်၊ လျှော့ရက်တွေပြည့်လို့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

အခုလို ပြန်လည်လွတ်မြောက်လာခဲ့တဲ့အတွက် မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာကိုလည်း ဝမ်းသာစွာ တွေ့မြင်ခဲ့ပါတယ်..။

ထို့ပြင် အနုပညာရှင် ညီအစ်ကိုမောင်နှမများကလည်း ဝမ်းသာကြိုဆိုကြတာကို တွေ့ရပြီး အဆိုတော် ဟဲလေးက “Warmly Welcome Bro ရဲတိုက်” လို့ သူ့ရဲ့ fb စာမျက်နှာမှာ ရဲတိုက်ဓာတ်ပုံနှင့်အတူ ရေးသားထားတာ တွေ့ရပါတယ်..။

ဒါရိုက်တာ ကြည်ဖြူသျှင်ကလည်း “ ဒီနေ့ " ရဲတိုက်" အတွက် "ဆာတိုရီ"

အတွက်. . . အရမ်းဝမ်းသာရပါတယ်

" ကိုရီဇော်" ရေ” လို့ သူအသုံးပြုတဲ့ fb စာမျက်နှာမှာ ရေးသားထားပါတယ်..။

အနုပညာအလုပ်တွေ့ိုတော့ ပြန်လည်လုပ်ဆောင်ဦးမှာဖြစ်ပြီး လတ်တလောမှာတော့ စိတ်ပြေလက်ပျောက်အနေနဲ့ ခရီးတွေသွားဦးမှာ ဖြစ်ပါတယ်..။

Source - 7day TV ၊ ဆာတိုရီထုတ်လုပ်ရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။