ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ကြည်လဲ့လဲ့ဦး နဲ့ ဇာနည်တို့ဇနီးမောင်နှံကတော့ သားသမီး(၃)ယောက်နဲ့အတူ နှစ်ကျိတ်ရှစ်ဆူဘုရားပွဲတစ်ခုကိုရောက်ရှိခဲ့တယ်လို့သိရပါတယ်။အနုပညာသည်ဇနီးမောင်နှံဖြစ်တဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးဟာ မိသားစုလိုက် ဇီးကုန်းမြို့ ဗုဒ္ဓမြတ်စွယ်တော်နှင့်နှစ်ကျိပ်ရှစ်ဆူ ပူဇော်ပွဲတော်ဘက်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဖျော်ဖြေရေးအရသွားရောက်ခဲ့တဲ့ သူတို့ဟာ တခြားသောအနုပညာရှင်အချို့နဲ့လည်း အမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ပြီး အပျော်တွေကို မျှဝေခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ သားနှစ်ယောက် သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံဟာ မိသားစုအတွက် အမြဲတမ်းလိုလို အချိန်ပေးလေ့ရှိတာကိုတွေ့ရပါတယ်။

ဗီစီဒီသီချင်းလေးတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ လူကြိုက်များအားပေးခံရတဲ့ ကြည်လဲ့လဲ့ဦးဟာ မိခင်ဘဝရောက်ပြီးနောက် အနုပညာလှုပ်ရှားမှုတွေနည်းသွားပြီး အရင်ကထက် အများကြီးပြောင်းလဲသွားတာပါ။

ပရိသတ်အချို့ကတော့ သူမကို ရုပ်ရှင်ဇာတ်ကားတွေပြန်ရိုက်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

အားကျစရာကောင်းတဲ့ သူတို့မိသားစုလေးကိုကြည့်ရင်း ကုသိုလ်လည်းရ ပျော်စရာလည်းကောင်းမယ့်ပုံါပပဲ။ 

Source: Zarni Htay fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။