ကိုရီးယား ဒရမ်မာ ဇာတ်ကားတွေမှာ ဆရာဝန် အဖြစ်ပါ၀င်တဲ့ ဇာတ်လမ်းတွေ ဖြစ်တဲ့ Good Doctor, Doctor Romantic, Hospital Ship နဲ့ တခြားဇာတ်လမ်း တွေ ပရိသတ်ကို မိတ်ဆက်ပေးပြီးထားပါ။ အခုတော့ နာမည်ကျော်ကြားလာတဲ့ မင်းသား Go Kyung Pyo က ဇာတ်လမ်း အသစ်မှာ ဆရာဝန်အဖြစ် ပါ၀င်သရုပ်ဆောင်တော့မှာပါ။ အဲ့ဒီ့ဇာတ်ကား ရဲ့ နာမည်ကတော့ Cross ပါ။ ဒီဇာတ်လမ်းလေးကို ရိုက်ကူးဖို့ အတွက် လုံလောက်တဲ့ လူအင်အားလည်း ဖွဲ့စည်းပြီးပါပြီ။

မင်းသား Go Kyung Pyo ဟာ လတ်တလော မှာတော့ Strongest Deliveryman ဆိုတဲ့ ဇာတ်ကားမှာပါ၀င်သရုပ်ဆောင်ထားပါတယ်။ ယခု ဆရာဝန်ဇာတ်လမ်းသစ် Cross မှာတော့ မင်းသား Go Kyung Pyo ဟာ သူ့ရဲ့ ဖခင် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်း က အသက်ခံခဲ့ရပြီးနောက် ဆရာဝန် ဖြစ်လာသူ ဇာတ်ရုပ် ကို သရုပ်ဆောင်မှာပါ။ သူဟာ ဆရာဝန် တစ်ယောက် အဖြစ်လူနာတွေ ရဲ့ အသက်ကို ကယ်တင်ရင်း သူ့ရဲ့ အဖေကို သတ်သွားသူကို လက်စားချေဖို့ ကြိုးပမ်းနေသူ တစ်ယောက် အဖြစ်နဲ့ သရုပ်ဆောင်မှာပါ။ ဒါရိုက်တာ တွေက မင်းသား Go Kyung Pyo ကို ဆရာဝန်ဇာတ်ရုပ် နဲ့ လိုက်ဖက်လို့ ရိုက်ကူးစေခဲ့တာပါ။

မင်းသား Go Kyung Pyo အနေနဲ့ ယခင် က အတွေ့အကြုံတွေ နဲ့ မတူတဲ့ အတွေ့အကြံုတွေကို ဒီဇာတ်ကားမှာရရှိမှာပါ လို့ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။ မင်းသမီး Jun So Min ကို ခေါင်းဆောင်မင်းသမီး အဖြစ်ပါ၀င်စေဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် မင်းသမီး Jun So Min ပါ၀င်မလားဆိုတာတော့ မသေချာသေးပါဘူး။ ဒီရုပ်ရှင်ကို ၂၀၁၈ ဇန်နဝါရီ လမှာ စတင် ထုတ်လွှင့်ဖို့ စီစဉ်နေပါတယ်။

Source: Korean Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။