ဦးကျော်သူဟာမြန်မာနိုင်ငံရဲ့ပရဟိတအကျိုးဆောင်သူတော်ကောင်းကြီးဖြစ်သလိုချစ်စရာကောင်းလေးမြေးလေး(၃)ယောက်ရဲ့ဖိုးဖိုးကြီးပဲဖြစ်ပါတယ်။ဦးကျော်သူရဲ့သမီးလေးမြင့်မိုရ်ဦးနဲ့သားကျော်ကိုကိုဇင်တို့မှမွေးဖွားသန့်စင်လိုက်တဲ့ချစ်စရာကောင်းတဲ့မြေးလေးသုံးယောက်ပဲဖြစ်ပါတယ်။မြေးလေးတွေဟာသူအရမ်းချစ်ရတဲ့ရတနာလေးတွေပဲဖြစ်တယ်လို့ဆိုပါတယ်။ဒီမြေးလေးသုံးယောက်ဟာဖိုးဖိုးလိုပဲအနာဂတ်မှာအားကိုးရမည့်ပရဟိတမျိုးဆက်သစ်လေးတွေပဲဖြစ်တယ်လို့ယုံကြည်ထားတာပဲဖြစ်ပါတယ်။

ဦးကျော်သူရဲ့ချစ်စရာကောင်းတဲ့မြေးလေး(၃)ယောက်ထဲမှအငယ်ဆုံးအဖိုးတူမြေးငယ်လေးကတော့လူလော့ကကြီးထဲကိုရောက်ရှိလာတာအခုဆိုရင်တစ်နှစ်ပြည့်သွားခဲ့ပြီးပဲဖြစ်ပါတယ်။ချစ်ရတဲ့မြေးငယ်လေး(၁)နှစ်ပြည့်မွေးနေ့လေးအတွက်လဲမွေးနေ့ဆုမွန်းကောင်းတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။သူရဲ့လူမှုကွန်ယက်မာလဲ"ဒီနေ့ဟာကျွန်တော့်ဘဝထဲသို့အနာဂါတ်အတွက်အားကိုးရမည့်ပရဟိတမျိုးဆက်သစ်ယောကျာ်းလေးမြေးလေးသုံးယောက်မြောက်ဖြစ်သည့်အနက်အငယ်ဆုံးအဖိုးတူမြေးငယ်လေးမောင်ရာဇကျော်ဇင်ကိုလူ့လောကကြီးထဲကိုသမီးမြင့်မိုရ်ဦးနဲ့သားကျော်ကိုကိုဇင်တို့မှအရောက်ပို့ခဲ့သောတစ်နှစ်ပြည့်နေ့ဖြစ်ပါသည်။မင်္ဂလာတရားနဲ့ပြီးပြည့်စုံသည့်မွေးနေ့ဖြစ်ပါစေဟုဆုတောင်းမေတ္တာပို့သလိုက်ပါသည်။’’ဆိုတဲ့စာလေးတွေနဲ့အတူချစ်စရာကောင်းတဲ့မြေးလေးတွေရဲ့အမှတ်တရပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ဦးကျော်သူဟာနယ်ဘက်တွေခရီးထွက်ဖြစ်နေပြီးစာပေဟောပြောပွဲလေးတွေလဲလိုက်လံဟောပြောဖြစ်နေတာပဲဖြစ်ပါတယ်။ရောက်တဲ့အရပ်ဒေသမှာပရဟိတလုပ်ငန်းတွေတက်နိုင်သလောက်လုပ်ဖြစ်နေတာဖြစ်ပြီးအနုပညာလုပ်ငန်းလေးတွေလဲလုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ယခုလဲနယ်ဘက်ရောက်ရှိနေတာကြောင့်ရန်ကုန်မှရှိတဲ့ချစ်ရတဲ့မြေးလေးအတွက်လူမှုကွန်ယက်ကနေတစ်ဆင့်အဝေးတစ်နေရာမှဖိုးဖိုးကျော်သူဆိုပြီးမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာပဲဖြစ်ပါတယ်။ဖိုးဖိုးဦးကျော်သူနဲ့သူရဲ့ချစ်စရာကောင်းတဲ့မြေးလေးတွေရဲ့ကြည်းနူးစရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေမျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ကျော်သူ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။