ယနေ့ နိုဝင်ဘာ(၁၇)ရက်နေ့မှာ ထောင်က လွတ်လာပြီဖြစ်တဲ့ မင်းသားရဲတိုက်ဟာ သူ့ရဲ့ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် ရဲတိုက်ရဲ့ ပရိသတ်တွေ သတင်းကောင်းတစ်ခုပါပဲ..။

ရဲတိုက်ဟာ ထောင်က ထွက်ထွက်ချင်းမှာပဲ မီဒီယာတွေနဲ့ အင်တာဗျူးမှာ သူ့အနေနဲ့ စပြီး ရိုက်ချင်တဲ့ ဇာတ်ကားနဲ့ တွဲဖက်သရုပ်ဆောင်ချင်တဲ့ မင်းသမီးတွေနဲ့ ဒါရိုက်တာကို ပြောပြခဲ့ပါတယ်..။

အနုပညာအလုပ်တွေကို လာမယ့်(၂၀၁၈)ခုနှစ် နှစ်အစပိုင်းမှာ ပြန်လည် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရဲတိုက်က ပြောထားပါတယ်..။

သူ့အနေနဲ့ ရင်ခွင်နန်းတော်ကို ဖွေးဖွေး၊ ဝတ်မှုံရွှေရည် တို့နှင့်အတူ ရိုက်ကူးသရုပ်ဆောင်ပြီး ဒါရိုက်တာကိုတော့ ဝိုင်း ဖြစ်စေချင်တယ်လို့ ဆိုပါတယ်..။

ထို့ပြင် နောက်ပိုင်းမှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် fb မှာ ပရိသတ်တွေနဲ့လည်း စကားပြောလို့ ရအောင် အရင်က အွန်လိုင်း မသုံးပေမယ့်လည်း ဒီနေ့ကစပြီး အွန်လိုင်းတတ်တော့မယ်လို့လည်း ရဲတိုက်က ပြောထားပါတယ်..။

ရဲတိုက်ဟာ ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ် ဇူလိုင်လမှာ ပဲခူးတိုင်းဒေသကြီး ကျော်တံခါးမြို့နယ်မှာ မူးယစ်ဆေးဝါး တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် (၆)နှစ် ကျခံခဲ့ရတာ ဖြစ်ပါတယ်..။

ဒီနေ့ နိုဝင်ဘာ(၁၇)ရက်နေ့မှာတော့ ချုပ်ရက်၊ လျှော့ရက်တွေပြည့်လို့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်..။

မှားခဲ့ဖူးတာတွေ ပြီးသွားပြီဆိုတော့ နောက်ထပ် ထပ်မမှားအောင်ပဲ နေရမှာပေါ့.. လို့လည်း ဆိုပါတယ်..။ ထောင်ထဲမှာလည်း ဇာတ်ကားတွေကြည့်ခွင့်ရခဲ့ပြီး မြင့်မြတ်ရဲ့ ဂျင်းကောင်သရုပ်ဆောင်ချက်တွေကို သဘောကျပြီး မြင့်မြတ်ကိုလည်း ဂုဏ်ပြုစကားပြောသွားခဲ့ပါတယ်..။

Source – 7day TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။