ဂြိုလ်တု ဓာတ်ပုံများ အရ မြောက်ကိုရီးယား ဟာ တိုက်ချင်းပစ် ဒုံးပျံ သယ်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘော တည်ဆောက်နေတာ ကို တွေ့ရှိခဲ့ရပါတယ်။ ဒီ ရေငုပ်သင်္ဘော ပြီးစီးပါက မြောက်ကိုရီးယား ရဲ့ ပထမဆုံး တိုက်ချင်းပစ် ဒုံးပျံ သယ်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘောအဖြစ် မှတ်တမ်းဝင်မှာပါ။ ဂျပန် ပင်လယ်ပြင်မှာ ရှိတဲ့ မြောက်ကိုရီးယား ရဲ့ သင်္ဘောကျင်း မှာ ရေငုပ်သင်္ဘော တည်ဆောက်စမ်းသပ် နေတာရော၊ ဒုံးပျံ ပစ်လွှတ်စမ်းသပ်နေတာကို ပါ ဂြိုလ်တု ဓာတ်ပုံများ ကနေ ထောက်လှမ်းတွေ့ရှိခဲ့ရပါတယ်။ ဒါဟာ တောင်ကိုရီးယား၊ ဂျပန် နဲ့ အမေရိကန် နိုင်ငံ တို့အတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်ပါတယ်။

ယခုလို ထောက်လှမ်းတွေ့ရှိမှု ဟာ ပြုံယမ်း နဲ့ ၀ါရှင်တန် အကြား တင်းမာမှု မြင့်တက်နေချိန်မှာ တွေ့ရှိခဲ့တာပါ။ အမေရိကန် ကတော့ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား လက်နက်စွမ်းရည် တိုးတက်အောင်ပြုလုပ်နေတဲ့ အစီအစဉ်တွေကို ဆက်တိုက် ကန့်ကွက် နေခဲ့တာပါ။ အမေရိကန် အနေနဲ့ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား ထိပ်ဖူးတပ်ဒုံးပျံတွေ အမေရိကန် မြေပေါ်ကျရောက်လာမှာကို စိုးရိ်မ်ပူပန် နေပါတယ်။ ထိုသို့ စိုးရိမ်ပူပန် နေစဉ်မှာ ယခုလို တိုက်ချင်းပစ် ဒုံးပျံ သယ်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘော တည်ဆောက်နေတာ ကို ထောက်လှမ်းတွေ့ရှိခဲ့တာကြောင့် အမေရိကန် အနေနဲ့ အထူးသတိထားရ တော့မယ့် အနေအထား မှာရှိပါတယ်။

ဒီ ဂြိုလ်တု ဓာတ်ပုံ တွေကို နိုဝင်ဘာလ ၅ ရက်နေ့က ထောက်လှမ်းရရှိခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံ ရဲ့ Sinpo South သင်္ဘောကျင်းမှာ ယခုလို တိုက်ချင်းပစ် ဒုံးပျံ သယ်ဆောင်နိုင်တဲ့ ရေငုပ်သင်္ဘော ကို တည်ဆောက်နေတာပါ။ ရေငုပ်သင်္ဘော အမျိုးအစား ကတော့ Romeo Class အမျိုးအစားဖြစ်ပါတယ်။ တိုက်ချင်းပစ် ဒုံးပျံ အမျိုးအစားကတော့ SINPO-C တိုက်ချင်းပစ် ဒုံးပျံဖြစ်ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။