အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဟာ အာရှ နိုင်ငံ ခရီးစဉ်များမှ အပြန် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ရေသောက်ခဲ့တဲ့ အပြုအမူ ကို ပြည်သူများ ၀ိုင်းဝန်းလှောင်ပြောင်နေကြပါတယ်။ သမ္မတ ထရန့် ဟာ ကိုယ်ကို နောက်သို့ ယိမ်းလိုက်ကာ ရေဘူးကို လက်နှစ်ဖက် နဲ့ စုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ စုပ်ယူ ပြီး ရေကို သောက်ခဲ့တဲ့ အပြုအမူ ဟာ တစ်မျိုးဖြစ်နေခဲ့ပါတယ်။ ဒါကို လူမှုကွန်ယက် မှာကြည့်ရှုခဲ့သူတွေက ၀ုိင်းဝန်း လှောင်ပြောင်နေကြပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ၁၀ မိနစ်စာ မိန့်ခွန်းမှာ ယခုလို ပြုမူခဲ့တာပါ။

၂၀၁၃ ခုနှစ်တုန်းက ဆီနိတ်တာ လွှတ်တော် အမတ် မာကိုရူဘီယို ရဲ့ မိန့်ခွန်းပြောကြားစဉ် ရေသောက်ပုံကို သမ္မတ ထရန့်က Twitter ကနေ တစ်ဆင့် မာကိုရူဘီယို ကို လှောင်ပြောင်ခဲ့ပါသေးတယ်။ ယခုတော့ ဆီနိတ်တာ လွှတ်တော် အမတ် မာကိုရူဘီယို က Twitter ကနေ တစ်ဆင့် ထရန့် ရဲ့ ရေ သောက်တဲ့ အပြုအမူ ကို ပြန်လည်ဝေဖန်ခဲ့ပါတယ်။ သမ္မတ ထရန့် က လွှတ်တော် အမတ် မာကိုရူဘီယို ကို Twitter ကနေ ဆက်တိုက် ဝေဖန်နေခဲ့တာပါ။ ယခုတော့ သမ္မတ ထရန့် ပြန်လည် ဝေဖန်ခြင်းခံနေရပါတယ်။

via GIPHY

မီဒီယာ တော်တော်များများ မှ လည်း ထရန့် ရဲ့ ဗီဒီယို နဲ့ ပုံတွေကို ပြန်လည်စုစည်း ဖော်ပြခဲ့ကြပါတယ်။ ထရန့် ဟာ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင် နိုင်ငံ မြို့တော်တွေကို ၁၂ ရက်ကြာ ခရီးစဉ်သွားရောက်ခဲ့ပြီး အင်္ဂါနေ့ညက ပြန်ရောက်လာခဲ့တာပါ။ မြောက်ကိုရီးယား နိုင်ငံကို ပိုမိုဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သမ္မတ ထရန့် က အဆိုပါ ခရီးစဉ် အတွင်း သူ့ရဲ့ မူဝါဒ ဖြစ်တဲ့ “America First” ကို အလေးပေးခဲ့ပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။