ဆောင်းရာသီတွင် အေးတာကို အကြောင်းပြ၍ ရေမချိုးဘဲ မနေသင့်ပါ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲ နေလျှင် သွားဖုံးများ ကြွပြီး အစားအသောက်ပျက်လာနိုင်ပါတယ်။ မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာပါတယ်။ ရေမချိုး ရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာသောကြောင့် ဖြစ်ပါတယ်။

ဆောင်းရာသီက နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်ပါတယ်။ နွေးထွေးအောင် ညအိပ်ချိန်နှင့် နံနက်စောစော အိပ်ရာထချိန် များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတစိုက် ဝတ်ဆင်သင့်ပါတယ်။

ရေမချိုး သဖြင့် အသက်မသေ သော်လည်း ကျန်းမာရေး ကို ထိခိုက်စေနိုင်တဲ့ နောက်ဆက်တွဲ ရောဂါများစွာ ရှိပါတယ်။ အပူငုပ်ပြီး ကိုယ်သား ကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊သွားခြေရောင်ခြင်း၊ လျှာတွင် အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ် မပျော်ခြင်း စသော ရောဂါပေါင်းစုံ ဝင်ရောက် လာနိုင်ပါတယ်။ 

ဆောင်းရာသီတွင် ရေချိုးတဲ့အခါ ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမယ်။ တဖြည်းဖြည်း အထက်သို့ တက်ပြီး ရေလောင်းလာရမယ်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းသင့်ပါတယ်။ အချိန် ကြာမြင့်စွာ ရေချိုးခြင်း မပြုရပါ။ အေးသော ရာသီတွင် လျင်မြန်စွာ ရေချိုးခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတကို သိရှိပြီးနောက် ချစ်ခင်သူများ၊ သူငယ်ချင်းများကိုလည်း မျှဝေပေးလိုက်ပါဦးနော်။

သတင်းအရင်းအမြစ် - ကြည်မြင့်လွင် (မုဒြာ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။