Leonardo DiCaprio and Nina Agdal

အော်စကာ ဆုရှင် လီယိုနာဒို နဲ့ အားကစားမော်ဒယ် နီနာ တို့ တစ်နှစ်လောက် အတူ တွဲပြီးနောက် မေလမှာ လမ်းခွဲ ခဲ့ကြပါတယ်။ သူတို့ နှစ်ယောက် အဆက်အသွယ် တော့ရှိကြပါသေးတယ်။ သူတို့နှစ်ယောက်နဲ့ ရင်းနှီး တဲ့ သတင်းရင်းမြစ်အရ သူတို့ သူငယ်ချင်းအဖြစ် ဆက်လက်ရှိနေကြတယ် လို့သိရပါတယ်။

Katy Perry and Orlando Bloom

အဆိုတော် Katy Perry နဲ့ Pirates of the Caribbean မှ မင်းသားဖြစ်သူ Orlando Bloom တို့ဟာ တစ်နှစ်လောက် တွဲပြီးနောက် ဖေဖော်ဝါရီလမှာ လမ်းခွဲခဲ့ကြပါတယ်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားကြပြီး သူငယ်ချင်းတွေ အဖြစ်ဆက်ရှိနေတယ်လို့ သိရပါတယ်။

Jennifer Lopez and Drake

The Shades of Blue မင်းသမီးနဲ့ "Passionfruit" Rapper အဆိုတော် တို့ ၂ လလောက် အတူတွဲပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လမ်းခွဲခဲ့ကြပါတယ်။ Jennifer Lopez က ယခင် နယူးယောက် မှ အားကစားသမား Alex Rodriguez နဲ့ တွဲနေပါတယ်။

Hilary Duff and Matthew Koma

Hilary Duff နဲ့ Matthew Koma တို့ လပေါင်းများစွာ တွဲပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ က လမ်းခွဲခဲ့ကြပါတယ်။

Tyga and Kylie Jenner

ပြီးခဲ့တဲ့ April လက Tyga နဲ့ Kylie Jenner တို့ လမ်းခွဲခဲ့ကြပါတယ်။ Tyga က သူမရဲ့ အချစ်ရဆုံး ပထမဆုံးသူဖြစ်ပြီး နေ့တိုင်းသူူတို့ စကားပြောခဲ့ကြတယ် လို့ သတင်းရင်းမြစ်တွေ အရသိရပါတယ်။ နောက်ပိုင်းမှာတော့ Kylie Jenner က rapper Travis Scott နဲ့ တွဲနေပါတယ်။

Meek Mill and Nicki Minaj

Nicki Minaj က သူမ အနေနဲ့ single ဖြစ်သွားပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက တွစ်တာ ကနေတဆင့်အတည်ပြုပြောကြားခဲ့ပါတယ်။ Meek Mill နဲ့ Nicki Minaj တို့ နှစ်နှစ်နီးပါးလောက် တွဲပြီးနောက် ယခုလို လမ်းခွဲ ခဲ့ကြတာပါ။

Demi Lovato and Guilherme "Bomba" Vasconcelos

Demi Lovato နဲ့ သူမ ရဲ့ ချစ်သူတို့ ၂၀၁၆ ဂျူလိုင်လတုန်း က စတွဲခဲ့ကြပြီး ၂၀၁၇ မေလ မှာတော့ လမ်းခွဲခဲ့ကြပါတယ်။

Jaden Smith and Sarah Snyder

The Karate Kid မှ သရုပ်ဆောင် Jaden Smith နဲ့ သူ့ရဲ့ ချစ်သူ Sarah Snyder တို့ ၂၀၁၇ ခုနှစ် အစောပိုင်း က လမ်းခွဲခဲ့ကြပါတယ်။ သတင်းရင်းမြစ် တစ်ခု အရ သူတို့ ခဏတာ အတူတကွ ရှိခဲ့ကြပါတယ်။ နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားခြင်းမရှိကြတော့ပါဘူး လို့သိရပါတယ်။

Source: USmagazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။