Model M Seng Lu ဟာဆိုရင် အောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပြီး သူမကိုဝန်းရံသူ ပရိတ်သတ် တွေကလည်း မနည်းမနောပါပဲ။ မော်ဒယ်လောကမှာ အောင်မြင်တဲ့မော်ဒယ် တစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ဝန်းရံသူပရိတ်သတ်တွေနဲ့ သူမရဲ့အနုပညာလမ်းကို အောင်အောင်မြင်မြင် လျှောက်လှမ်းနေသူလည်းဖြစ်ပါတယ်။ သူမက Magazing / Photo Shooting / MTV တွေမှာ အများဆုံးပါဝင်တာကိုတွေ့ရတတ်ပြီး ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တာကိုတော့ မတွေ့ရသေးပါဘူး။

သူမဟာပြီးခဲ့တဲ့လတွေတုန်းက တောင်ကြီးတန်ဆောင်တိုင်ပွဲကိုရောက်ရှိနေတာဖြစ်ပြီး All Black လေးဝတ်ကာ ချမ်းအေးတဲ့တောင်ကြီးမြို့ရဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ပုံစံလေးဝတ်ခဲ့ပါ သေးတယ်။ သူမသာသရုပ်ဆောင်လုပ်မယ်ဆို အားပေးမယ့်သူမရဲ့ Fan တွေကအများအပြား ပါပဲ။ သို့ပေမယ့် သူမကိုတော့ မော်ဒယ်လောကမှာပဲအတွေ့များရပြီး အောင်မြင်တဲ့မော်ဒယ် တစ်ယောက်အဖြစ် အောင်အောင်မြင်မြင်ရပ်တည်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ပရိတ်သတ်တွေ က မော်ဒယ် M Seng Lu အပြင် မင်းသမီး M Seng Lu ကိုလည်းမျှော်လင့်နေပုံပါပဲ။

သူမက ဒီနေ့မှာတော့ L’OCCTANE ဖွင့်ပွဲကိုရောက်ရှိနေတာဖြစ်ပြီး အလန်းစားဖက်ရှင်နဲ့ ပွဲတက်ခဲ့တာပဲဖြစ်ပါတယ်။ တခြားအနုပညာရှင်များဖြစ်ကြတဲ့ မိုးဟေကိုနဲ့ အွန်ဆိုင်းနဲ့ ကျော် ထက်အောင်တို့ကလည်း ဆိုင်ဖွင့်ပွဲအခမ်းအနားကို ပါဝင်အားဖြည့် တက်ရောက်ခဲ့ကြပါတယ်။ သူမတို့ရဲ့လှပတဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီးဆီအရောက်ပို့ပေးလိုက်ပါတယ်နော်။ မော်ဒယ် မင်းသား မင်းသမီးတွေရဲ့ အလှပုံရိပ်တွေကို တဝကြီးခံစားကြည့်ရှုလိုက်ပါဦးနော်။

Photo – Nay Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။