ပက်ပက်စက်စက်ညှိုု့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေထူးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုပိုရရှိလာပါတယ်

နာမည်ကျော်အဆိုတော် ရွှေထူးဟာ အွန်လိုင်းကနေ ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းကောင်းလေးတွေနဲ့အတူ နာမည်ကြီးလာသူဖြစ်ပါတယ်

စိတ်ကူးယဉ်စာအုပ် ဆိုတဲ့ သီချင်းခွေလေးနဲ့ ျအာင်မြင်မှုမှတ်တိုင်စိုက်ထူနိူင်ခဲ့သလို အဲ့ဒီမတိုင်ခင်မှာထွက်ရှိခဲ့တဲ့ သီချင်းလေးတွေကလည်း လူကြိုက်များလျက်ရှိပါတယ်

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမှုရလာတဲ့ ရွှေရွှေဟာ နိုဝင်ဘာလ(၁၉)ရက်က Junction Square မှာ ပြုလုပ်တဲ့ ပက်ပက်စက်စက်ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲမှာ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာပါ

လက်မှတ်ရေးထိုးပေးရင်း ပရိသတ်တွေနဲ့ တရင်းတနှီးအမှတ်တရဆက်ဖီတွေရိုက်ခဲ့သလို ရွှေထူးကို အာဘွားပေးတဲ့ မိန်းကလေးပရိသတ်တွေလည်းရှိနေပါတယ်

အနမ်းခံလိုက်ရတဲ့ ရွှေထူးရဲ့ ပုံရိပ်တွေဟာ လက်တလော ပရိသတ်တွေကြားမှာ ရေပန်းစားစရာဖြစ်နေပါတယ်

တချို့ကလည်း အနမ်းပေးတဲ့ မိန်းကလေးပရိသတ်တွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်

ကိုယ်နှစ်သက်တဲ့ အနုပညာရှင်ကို ချစ်ခင်တဲ့အနေနဲ့ အခုလိုအနမ်းပေးကြတာဟာ ကမ္ဘာတစ်လွှားမှာရှိနေတာမို့ ဝေဖန်စရာကိစ္စတော့မဟုတ်လှပါဘူး

Cele7 - Cele7 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။