ပြီးခဲ့တဲ့ စနေနေ့မှာတော့ အာဆင်နယ်နှင့် စပါးတို့ ကစားခဲ့ပါတယ်။ အဆိုပါပွဲကတော့ အကြိတ်အနယ်ရှိခဲ့တဲ့ ဒါဘီပွဲပါ။ နှစ်သင်းစလုံးကတော့ အားကုန်ထုတ်ကစားခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်က အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အတွက်ဂိုးများကို ပွဲချိန် ၃၆မှာ မူစတာဖီက စသွင်းခဲ့တာပါ။ ထို့နောက် ဒုတိယဂိုးကို ဆန်းချက်ကသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာတော့ အာဆင်နယ်က စပါးကိ ု၂-၀ ဖြင့်နိုင်ခဲ့ပါတယ်။ ပွဲအပြိီးမှာတော့ စပါးနည်းပြ ပိုချက်တီနိုက ဒါဘီရှုံးနိမ့်မှုအတွက် ကွင်းလယ်ဒိုင်ကိုအပြစ်တင်လိုက်ပါတယ်။

စပါးနည်းပြ ပိုချက်တီနိုက “ပွဲချိန် ၃၆ မိနစ်မှာ သွင်းယူခဲ့တဲ့ အာဆင်နယ် ရဲ့ ဂိုးမှာ မိုက်ဒင်း ရဲ့ ဆုံးဖြတ်ချက် အမှားတွေပါ၀င်ခဲ့ပါတယ် ။ ကျွန်တော်တို့က အဲ့အချိန်မှာ အာဆင်နယ်ထက်တောင် ပိုကောင်းအောင် ကစားနေတဲ့ အချိန်ပါ ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ဆုံးဖြတ်ချက် အမှားတွေရဲ့ ရလဒ်ကို ခံစားခဲ့ရပါတယ်။ ဒေဗီဆင် ရဲ့ ဟန့်တားမှုဟာ အကျုံးဝင်ပါတယ် ။ ဒါ ပြစ်ဒဏ်မမြောက်သလို မူစတာဖီ ကလည်း ခေါင်းတိုက် ဂိုးမသွင်းခင်မှာ လူကျွံနေခဲ့တာပါ ။ မိုက်ဒင်း က အမှားတစ်ကြိမ် တောင်မဟုတ်ပါဘူး ။ ၂ ကြိမ်တောင်ကျုးလွန်ခဲ့တာပါ ။ ဒီဂိုးပေးလိုက်ရတာကြောင့် ကျွန်တော်တို့ ကစားပုံပြောင်းလဲခဲ့ရပြီး အနိမ့် အသင်းဖြစ်သွားခဲ့ပါတယ် ။ အဲ့နောက်မှာတော့ နောက်တစ်ဂိုးပေးလိုက်ရပြီး ပြန်လာဖို့ အရမ်းခက်ခဲသွားခဲ့ပါတယ် ။ ဒါတွေက ၃၆ မိနစ်မှာပေးခဲ့ရတဲ့ ပြစ်ဒဏ်ဘောကနေ စခဲ့တာပါပဲ” လို့ ပိုချက်တီနို က ပြောဆိုသွားခဲ့ပါတယ် ။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။