ရီးရဲမက်ဒရစ်အသင်းက ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပါတယ်။ အသင်းရဲ့ခြေစွမ်းကလည်း မတည်ငြိမ်ဖြစ်နေပါတယ်။ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုက ခြေစွမ်းသိပ်မပြနိုင်ဖြစ်နေပါယ်။ ဒါ့အပြင် အားထားရတဲ့ ကစားသမား ဘေးလ်ကလည်း ဒဏ်ရာရနေပါတယ်။

ဒါ့အပြင်နောက်ဆုံးကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ပွဲမှာလည်း ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါက ရီးရဲပရိသတ်တွေအဖို့တော့ အားရစရာမဟုတ်ပါဘူး။ ဒါ့အပြင် ထိပ်ဆုံးက ဘာစီလိုနာနှင့် ၁၀မှတ်ထိကွာဟခဲ့ပါပြီ။ ဒါပေမယ့် ရီးရဲနည်းပြ ဇီဒန်းကတော့ လမ်းကြောင်းမှန်ပေါ်မှာမိမိတို့ရှိနေဆဲဟု ပြောခဲ့ပါတယ်။   

ရီးရဲယ်မက်ဒရစ်နည်းပြဇိဒန်းက "ကျွန်တော်တို့အကောင်းဆုံးကစားနိုင်ခဲ့ပြီးဒီထက်ပိုမိုထိုက်တန်ပါတယ်။ ဒါပေမယ့်ထင်ထားတဲ့ရလဒ်တော့မရခဲ့ပါဘူး။ ကျွန်တော်တို့စိတ်ရှည်ရှည်ထားသင့်ပါတယ်။ ကျွန်တော်တို့ဟာလမ်းကြောင်းမှန်ပေါ်မှာရှိနေဆဲပါ။ ဘာကာအနေနဲ့ရမှတ်တွေဆုံးရှုံးအုံးမှာသေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ကိုယ့်အလုပ်ကိုသာဆက်လုပ်သွားရမှာပါ။ ဒါပါပဲ။ တစ်ခါတစ်ရံမှာဂိုးလဒ်မရှိတဲ့အချိန်ဆိုတာကြံုတွေ့ရတက်ပါတယ်။ ဒါကိုကျွန်တော်လည်းမရှင်းပြတက်ပါဘူး။ ဒီနေ့မှာကောင်းမွန်တဲအရာကတော့ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့တာပါပဲ။ ဒါပေမယ့်ကျွန်တော်တို့ဂိုးပေါက်ပျောက်နေတာတော့အမှန်ပါ။ ဂိုးတွေပြန်ရလာမှာပါ။ အကောင်းဘက်ကိုသာတွေးထားရမှာဖြစ်ပြီးကျွန်တော်အကောင်းမြင်ထားပါတယ်။" လို့ပြောသွားပါတယ်။

Source – Mirror  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။