အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတွေဖြစ်ကြတဲ့ ပိုင်ဖြိုးသုနဲ့ ရွှေသမီးတို့နှစ်ဦးကတော့ ရုပ်ရှင်အတူရိုက်ကူးနေတာတွေ့ရပါတယ် ပရိသတ်ကြီးရေ။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူမတို့နှစ်ဦးကတော့ "ယောရောရှိ" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေကြတာဖြစ်ပြီး ထိုဇာတ်ကားမှာ မင်းသားကျော်ရဲအောင် မင်းမော်ကွန်း ဖြိုးငွေစိုး သူရီယ မင်းသမီး မေသန်းနု မေသဥ္ဇာဦးနဲ့ ငွေမှုန်ရတီတို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ရွှေသမီးကတော့ သူမရဲ့ Fan page မှာ သုသုနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ထားပြီး ပုံတွေနဲ့အတူ ယခုလိုလည်း ရေးသားထားပါသေးတယ်။

"ယောရောရှိရွှေရွှေနာမည်က "ဝိုင်းစက်",သုသုနာမည်က"လုံးလုံး"သာမီးကိုပေးထားတဲ့ နာမည်နဲ့ရမ်းလိုက်တယ်လို့ထင်ဘူးလားကွယ် မျက်နှာကဝိုင်းစက်နေတာဘဲလေ သာမီးခရီးတွေထွက် စားဘဲစားနေတော့ဝလာပြီပေါ့ ဝလာတော့ပျော်တာပေါ့လို့ fan fanတွေတော့အမြဲသတိရပြီး လွမ်းပါတယ် ချစ်တယ်" ဆိုပြီး သူမရဲ့ fan page မှာ ရေးသားထားပါတယ်။ 

ပိုင်ဖြိုးသုနဲ့ ရွှေသမီး တို့နှစ်ဦးဟာ ဝါရင့်မင်းသားတွေ စုပေါင်းတည်ထောင်ထားတဲ့ အနုပညာပျိုးခင်းရဲ့ ဒုတိယ batch မှ မင်းသမီးတွေဖြစ်ကြပြီး အောင်မြင်အသီးသီး ရရှိထားသူတွေဖြစ်ကြပါတယ်။ ဗီဒီယိုဇာတ်ကားများစွား ရိုက်ကူးထွက်ရှိထားပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း အဓိကနေရာကနေ ရိုက်ကူးခွင့်ရရှိနေကြသူတွေလည်း ဖြစ်ပါတယ် ပရိသတ်ကြီးရေ...

Source: Shwe Thamee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။