ရုပ်ရှင်လောကတွင် အောင်မြင်ကျော်ကြားသော ကာတွန်းဇာတ်ကောင်များကို ဖန်တီးထုတ်လုပ်ခဲ့သည့် Walt Disney ( ဝေါလ့် -ဒီစ္စနီ ) ကို လူကြီးလူငယ်မရွေး သိကြပါတယ်။ Tom and Jerry, Peter Pan, Mickey Mouse အစရှိိတဲ့ ဇာတ်ကောင်များဟာ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေပဲဖြစ်ပါတယ်။အာ့အထဲမှာ Donald Duck ဆိုတဲ့ ဘဲထီးကလေးကိုလည်း ကလေးလူကြီးတော်တော်များက နှစ်သက်ကြပါတယ်။

သို့သော် အဆိုပါဘဲထီးကလေးကို Donald Duck ဟုမှည့်ခေါ်ထားသည်မှာ မှားယွင်းနေကြောင်းကို ဘာသာဗေဒပညာရှင်များက Dornald Duck ၏ဖန်တီးရှင် Walt Disney ( ဝေါလ့် - ဒစ္စနီ) ကွယ်လွန်ပီး နှစ်ပေါင်းများစွာ ကြာမှ သတိပြုမိတာဖြစ်ပါတယ်။ ပညာရှင်များ၏အဆိုအရ “duck” ဆိုသည်မှာ ဘဲမကိုခေါ်ခြင်းဖြစ်ပီး ၊ ဘဲထီးကို “ drake” လို့သာခေါ်ကြသဖြင့် တစ်ကယ်ခေါ်ရမည့်အမည်မှန်မှာ “ Donald Drake” ဟုခေါ်သင့်ကြောင်းထောက်ပြကြသည်။

ထို့အပြင် အသံလေ့လာသောပညာရှင်များကလည်း Donald Duck ၏အသံမှာ ဘဲထီးတစ်ကောင်၏အသံမဟုပဲ မိတ်လိုက်ရာသီတွင် ဘဲမတစ်ကောင်က ဘဲထီးတစ်ကောင်ကို အော်ခေါ်နေသောအသံဖြစ်သည်ဟု ထပ်မံထောက်ပြခဲ့ကြပါသေးသည် ။သို့သော် မည်သို့ပင်လွဲမှားနေသည့်အမှားများရှိနေသော်လည်း ယနေ့ခေတ်အချိန်ထိ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ Donald Duck လို့သာရေပန်းစားနေကြတာမို့ Donald Duck လို့ပဲဆက်ခေါ်ကြပါစို့လား။

Source: Top

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။