ကိုရီးယားအနုပညာရှင်တွေရဲ့အနုပညာလှိုင်းဟာတစ်လိမ့်ပြီးတစ်လိမ့်နှင့်ကမ္ဘာအနှံ့ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။အဲ့သည်လိုပျံ့နှံ့လာသည်နျင့်အမျှကမ္ဘာကျော်ရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်းကိုရီးယားအနုပညာရှင်များကိုလက်တွဲပူးပေါင်းဖို့ကမ်းလှမ်းလာကြတာလည်းဖြစ်ပါတယ်။အဲ့သည်လိုကမ်းလှန်းမှုတွေထဲမှာမှနောက်ထပ်ကမ္ဘာကျော်စူပါဟီးရိုးတွေမွေးထုတ်ပေးနေတဲ့MarvelStudiosကလည်းကိုရီးယားအနုပညာရှင်တစ်ဦးဖြစ်သူမာဒေါင်ဆုတ်အားစူပါဟီးရိုးဇာတ်ကောင်အဖြစ်ပါ၀င်ပေးဖို့ကမ်းလှမ်းလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကကျင်းပခဲ့သော ကိန်းရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သည့် Train to Busan ဇာတ်လမ်းတွင် ပါ၀င်သော မာဒေါင်ဆုတ်အား ဟောလိ၀ုဒ်မှမျက်စိကျကာစိတ်ဝင်တစားရှိခဲ့ကြပါတယ်။ဇာတ်လမ်းမှာပါ၀င်သောဇာတ်ကောင်စရိုက်ကို ပေါ်လွင်အောင်သရုပ်ဆောင်ပြသနိုင်ခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးသောခန္ဓာကိုယ်နှင့်အတူ သန်မာလှသောကြွက်သားတွေနှင့် အားမာန်အပြည့် ဇွမ်ဘီတွေအားတိုက်ခိုက်ဟန်တွေဟာ နာမည်ကျော်ထိတ်လန့်ဖွယ်ရုပ်ရှင်တွေထဲမှ စူပါဟီးရိုးနျင့်တူညီနေသောကြောင့်လည်း ဟောလိ၀ုဒ်မှစိတ်ဝင်တစားကမ်းလှမ်းခဲ့တာလည်းဖြစ်ပါတယ်။

မာဟာသူ့ရဲ့ငယ်ဘဝတေါကိုအမေရိကမှာကုန်ဆုံးခဲ့တာဖြစ်ပြီးColumbiaStateUniversity.မှာကျောင်းတက်ကာMMAမှာလည်း ဘော်ဒီထရိုင်နာလုပ်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။လတ်တလောတွင်တော့မာဟာကိုရီးယားထုတ်လုပ်ရေးတွေအတွကပေးထားတဲ့ရိုက်ကူးမှုတွေရှိသေးတဲ့အတွက်ယုံကြည်မငကိုအလေးထားတဲ့မာအတွက်ထိုပေးထားတဲ့ရိုက်ကူးရေးတွေကိုအပြီးသတ်ပြီးမှသာလျှင်အမေရိကရုပ်ရှင်ဘက်ဆီသို့သွားရောက်ရိုက်ကူးမယ်လိုကသိရပါတယ်။မာဒေါင်ဆုတ်အနေနဲ့ဘယ်လိုစူပါဟီးရီုးပုံစံနဲ့ပရိသတ်ဆီပြတ်လာဦးမလဲဆိုတာကတော့စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။

Source - allkpop 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။