ရန်ကုန်တိုင်း ဒေသကြီးအတွင်းအများပြည်သူနှင့်သက်ဆိုင်သည့် နေရာများတွင် အရက်သေစာ ဝိုင်းဖွဲ့သောက်စားမူးယစ်သူများကို ရန်ကုန်ရဲအက်ဥပဒေဖြင့် ဆက်လက်ဖမ်းဆီးအရေးယူတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းကျဆင်းရေးလုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိတာပဲဖြစ်ပါတယ်။

ပြည်သူများစိတ်အနှောက်အယှက်မဖြစ်စေရန် အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊

လမ်းဆုံလမ်းခွများ၊တံတားများနှင့်လူသွားစင်္ကြန်များပေါ်တို့တွင် ဝိုင်းဖွဲ့၍အရက်သေစာသောက်စားမူးယစ်သူများကိုထိထိရောက်ရောက်အသိပညာပေးခြင်းလုပ်ငန်းများပြုလုပ်ဆောင်ရွှက်နေတာပဲဖြစ်ပါတယ်။အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာပညာပေးကာလတစ်လသတ်မှတ်ခဲ့ပြီးအသိပညာပေးခြင်းလုပ်ငန်းများလိုက်လံဟောပြောပညာပေးခဲ့ပြီးနောက်ပညာပေးကာလတစ်လပြည့်မြောက်ပြီးဖြစ်တဲ့ အောက်တိုဘာ ၃၀ ရက်နေ့မှစကာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင်ဝိုင်းဖွဲ့ကာ အရက်သေစာသောက်စားမူးယစ်သူများကို အရေးယူဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာ(၂၁) ရက်နေ့ မှာတော့သက်ဆိုင်ရာမြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သေစာသောက်စားသူများကိုဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လသာမြို့နယ်များတွင်ဖမ်းဆီးခဲ့ပြီး ရန်ကုန်ရဲအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရသည်။အများပြည်သူနှင့်သက်ဆိုင်သည့်အပန်းဖြေဥယျာဉ်များ၊အများပြည်သူသွားလာသည့်အင်းယားကန်ဘောင်၊အများပြည်သူများသွားလာအသုံးပြုသည့်လူသွားစင်္ကြန်နှင့် ဂုံးကျော်တံတားများတွင်အရက်သေစာဝိုင်းဖွဲ့သောက်စားသူများကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲမှသတင်းရရှိတာပဲဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။