အမေရိကန်နိုင်ငံသည် လွန်ခဲ့တဲ့ ရက်အတောအတွင်း အပိုင်းက မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံစာရင်းထဲကို ပြန်လည်ထည့်သွင်း ကြေငြာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန် နိုင်ငံအနေဖြင့် ယခင်က အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံဆိုပြီး ယခင်က စာရင်းထည့်သွင်း ကြေညာငြာ ခဲ့ဖူးသေးသော်လည်း မြောက်ကိုရီးယားရဲ့ နျူးကလီးယား လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လိုက်နာမှု တွေရှိခဲ့လို့ စာရင်းမှ ပြန်လည် ထုတ်ပယ်ပေးခဲ့ဖူးပါသေးတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Lu Kang က မြောက်ကိုရီးယားကို ဝေဖန်တာတွေ ရပ်တန်းကရပ်လိုက်ပြီး ကိုရီးယားကျွန်းဆွယ် အခြေအနေဟာ အတော့်ကို အတိမ်းအစောင်းမခံတဲ့ အနေအထားမှာရှိနေတာမို့ အတိုက်အခံတွေလုပ်နေမယ့်အစား ကာယကံရှင်တွေ အားလုံးကို ဆွေးနွေးပွဲစကားဝိုင်းကို ခေါ်ယူတာက ပိုမို အဆင်ပြေစေလိမ့်မယ် ဆိုပြီး အမေရိကန်ကို သတိပေးလိုပါတယ်။

မြောက်ကိုရီးယား မျက်မုန်းကျိုးခြင်းကို ခံနေရတဲ့ ဂျပန်နိုင်ငံကလည်း အမေရိကန်မှ မြောက်ကိုရီးယား အပေါ် ဝေဖန်မှုကို ထောက်ခံ ကြိုဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားကို အမေရိကန်က အကြမ်းဖက်မှုဆိုင်ရာ နာမည်ပျက်စာရင်းသွင်းပြီး နောက်တရက်မှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ကြေညာချက်ထွက်လာတာပါ။ အမြင့်ဆုံးအဆင့်ဖိအားပေးတဲ့လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းအရ အရေးယူပိတ်ဆို့မှုသစ်ချမှတ်မယ်လို့လည်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကပြောပါတယ်။

Source – RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။