တောင်ကိုရီးယားနိုင်ငံရဲ့ ပြည်သူ့ အချစ်တော် ထိပ်တန်း မင်းသားတွေ ဖြစ်ကြတဲ့ ဆောင်းဂျွန်ကီနဲ့ ပတ်ဘိုဂန်တို့ဟာ မကြာခင်မှာ ပြုလုပ်ကျင်းပမယ့် 2017 MAMA ဂီတဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ အစီအစဉ်မှူးတွေအဖြစ် ပါဝင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်..။

အဲ့ဒီပွဲမှာ မင်းသားဆောင်းဂျွန်ကီဟာ အစီအစဉ်မှူးအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းထားကြောင်း သတင်းတွေဟာ အစောပိုင်းမှာကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာတော့ 2017 MAMA ဂီတဆုပေးပွဲမှာ ဆောင်ဂျွန်ကီ ပါဝင်မယ့်အကြောင်းကို အတည်ပြုလိုက်ပြီး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်..။

2017 MAMA ဂီတဆုပေးပွဲကို မင်းသား ဆောင်းဂျွန်ကီ တတ်ရောက်မှာ ဖြစ်ကြောင်းကို Blo-ssom Entertainment က အခုလို ထုတ်ပြန်ပြောကြားခဲ့ပါတယ်..။

“ဆောင်းဂျွန်ကီဟာ ဟောင်ကောင်မှာ ကျင်းပပြုလုပ်မယ့် 2017 MAMA (Mnet Asian Music Awards) ဆုပေးပွဲကို တတ်ရောက်မှာ ဖြစ်ပါတယ်..။ အသေးစိတ်ကိုတော့ စီစဉ်နေတုန်းပါပဲ..” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

ဆောင်းဂျွန်ကီက ဟောင်ကောင်မှာ ကျင်းပပြုလုပ်မယ့် 2017 MAMA ဂီတဆုပေးပွဲမှာ အစီအစဉ်မှူးအဖြစ် ပါဝင်မှာ ဖြစ်ပြီး မင်းသား ပတ်ဘိုဂန်ကတော့ ဂျပန်မှာ ပြုလုပ်မယ့် ပွဲမှာ ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

2017 MAMA ဂီတဆုပေးပွဲကို CJ E&M က သူ့တို့ရဲ့ music channel Mnet ကနေ ကျင်းပပြုလုပ်တဲ့ အခမ်းအနားပွဲလေး ဖြစ်တယ်လို့ သိရပါတယ်..။ 2017 MAMA ဂီတဆုပေးပွဲကို ဗီယက်နမ်၊ဂျပန် နဲ့ ဟောင်ကောင်တို့မှာ ပြုလုပ်ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်..။

လာမယ့် နိုဝင်ဘာ(၂၉)ရက်နေ့မှာ ပတ်ဘိုဂန် ပါဝင်မယ့် “2017 MAMA in Japan” ပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပြီး “2017 MAMA in Hong Kong” ပွဲကိုတော့ နိုဝင်ဘာ(၃၀)ရက်နဲ့ ဒီဇင်ဘာ(၁)ရက်နေ့တို့မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

2017 MAMA ဂီတဆုပေးပွဲကို မင်းသားဆောင်းဂျွန်ကီနှင့် ပတ်ဘိုဂန်တို့က အစီစဉ်မှူးတွေအဖြစ် ပါဝင်မှာ ဖြစ်ပြီး အနုပညာရှင်များလည်း တတ်ရောက်မှာ ဖြစ်ပြီး မင်းသမီး Lee Young-Ae ကလည်း ပွဲတတ်ရောက်ဖို့ ပြင်ဆင်နေပြီး အသေးစိတ်ကိုတော့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်..။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။