နိုဝင်ဘာလ ၂၁ရက်နေ့ မှာ ဆွီဒင်နိုင်ငံက ကမ္ဘောဒီးယား နိုင်ငံမှာထောက်ပံ့နေတဲ့ ပညာရေးနဲ့ သုတေသနလုပ်ငန်းတွေကလွဲလို့ အကူအညီထပ်မပေးတဲ့အပြင် ပြုပြင်ပြောင်းလဲရေး အစီစဉ်တွေကိုလည်း မထောက်ခံတော့ဘူးလို့ တရားဝင်ကြေငြာလိုက်ပါတယ်။

ကမ္ဘောဒီးယားမှာ နှစ်သုံးဆယ်ကျော်ကြာ အာဏာယူထားတဲ့ ဝန်ကြီးချုပ် ဟွန်ဆင်ဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ဦးမှာဖြစ်လို့ အဓိက အတိုက်အခံပါတီ CNRP ကို ကမ္ဘောဒီးယား အစိုးရသြဇာခံ တရားရုံးအမိန့်နဲ့ ဖျက်သိမ်းလိုက်တာပါ။ ပါတီကို ဖျက်သိမ်းမှု အပြင် ပါတီရဲ့ ခေါင်းဆောင်သူအဖြစ် တာဝန်ခဏယူထားတဲ့ ကင်ဆောခဟာလည်း နိုင်ငံတော် သစ္စာဖေါက်မှု စွဲချက်နဲ့ အကျဉ်းကျနေပြီး၊ ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၁၈ ဦးကိုလည်း တရားရုံးက နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဆွီဒင်နိုင်ငံက ပထမဆုံး ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ကို ပထမဆုံး အတိအလင်း ကန့်ကွက်လိုက်တဲ့ ဥရောပသမဂ္ဂ- အီးယူနိုင်ငံတွေထဲ က နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ယခင်ကထက် ပိုမိုပြစ်ဒဏ်ခတ်မှာ ဖြစ်ပြီး အီးယူကလည်း အရေးယူမယ်လို့ ကြေငြာထားပါတယ်။ ကမ္ဘောဒီးယားနဲ့ ဆက်ဆံနေတာကိုလည်း ဖနွမ်းပင်မြို့တော်မှာ ရှိတဲ့ဆွီဒင်သံရုံးက ပြန်လည်သုံးသပ်နေပါတယ်။

Source – RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။