ဇင်ဘာဘွေ နိုင်ငံလေး ရဲ့ GDP ဟာ အာဖဂန်နစ္စတန် ထက်တောင် နည်းပြီး ဆင်းရဲတဲဲ့နိုင်ငံလေးပါ။ သို့သော်လည်း မူဂါဘီ ရဲ့ ကြွယ်ဝချမ်းသာမှု ကတော့ တကယ့်ကို အံ့မခန်းပါ။ မူဂါဘီ ရဲ့ သားတွေ ပိုင်ဆိုင်မှု ကလည်း ကြောက်ခမန်းလိလိ ပါပဲ။ မူဂါဘီ ရဲ့ သားတွေ ရဲ့ ကြွယ်ဝချမ်းသာ လှတဲ့ ပုံတွေ ကို နိုင်ငံခြား သတင်းထောက် တစ်ဦးက စုစည်းနိုင်ခဲ့ပါတယ်။

မူဂါဘီ ရဲ့ သားတွေ ဟာ ပေါ်ပေါ်ထင်ထင် ဘဲ ငွေကြေး နဲ့ သူတို့ ရဲ့ ချမ်းသာကြွယ်ဝမှု ကို ထုတ်ပြနေခဲ့တာပါ။ အကောင်းဆုံးသောကားတွေ၊ စျေးအကြီးဆုံးနာရီတွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ် နဲ့ ရွှေ နဲ့ ပြုလုပ်ထားတဲ့ သေနတ်တွေပါ ဓာတ်ပုံတွေထဲမှာပါ၀င်ပါတယ်။ မူဂါဘီ ရဲ့ သားတွေ ကတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Robert Jr နဲ့ အသက် ၂၀ နှစ်ရှိပြီဖြစ်တဲ့ Chatunga တို့ဖြစ်ပါတယ်။ စက်တင်ဘာလ တုန်းကလည်း Robert Jr ဟာ Rolls Royce ကားနှစ်စီးဝယ်ခဲ့ပါသေးတယ်။

ဒူဘိုင်းမှာ ပညာသင်ပြီးတဲ့နောက် သူဟာ အနက်ရောင် ကားကြီးနဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Instagram ပေါ်တင်ခဲ့ပါသေးတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ သွားတဲ့ ပုံတွေကို လည်းတင်ခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် ရဲ့ အတွင်းပိုင်းကို ရွှေတွေနဲု့ တန်ဆာဆင်ထားပါတယ်။ သူ့ရဲ့ အကို Chatunga ကလည်း အသုံးအဖြုန်းကြီးသူ အဖြစ် နာမည်ကြီးသူပါ။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။