သားသမီးတွေအပေါ်ထားရှိတဲ့ မိခင်တစ်ဦးရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ပီပြင်ပေါ်လွင်စွာ ရိုက်ကူးထားတဲ့ “ထာဝရအမေ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမဲ့ဒီဇင်ဘာလအတွင်း ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ စင်ရော်မောင်မောင် ခံစားတင်ပြထားပီး (ထပ်ဆင့်အကယ်ဒမီများဖြစ်ကြသည့်) နေတိုး၊၀တ်မှုန်ရွှေရည်၊ရဲအောင်၊မေသန်းနုတို့နှင့်အတူ ဧည့်သည်သရုပ်ဆောင်များအဖြစ် ထွန်းကိုကိုနှင့် အခြားသရုပ်ဆောင်ပေါင်းများစွာ ပါ၀င်အားဖြည့်ပေးထားပါတယ်။ဒီဇာတ်ကား ဟာဆရာကြီးပါမောက္ခဒေါက်တာခင်မောင်ဝင်း(အသည်း) ရေးသားထားတဲ့ “အမေနှင့်ကျွန်တော်”၀တ္ထု ကိုအခြေခံပီးရိုက်ကူးထား တဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။      

ဇာတ်ကားထဲတွင် မိခင်တစ်ဦး၏ စွန့်လွှတ်အနစ်နာခံမှုများ၊ သားသမီးကိုချစ်သောမေတ္တာတရားကြီးမားလွန်းလှသဖြင့် မိမိကိုယ်ကိုပင်ချစ်ရန် သတိမရတော့တဲ့ မိခင်တိုင်း၏ချစ်ခြင်းမေတ္တာတရားကို ပီပြင်ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ထိုဇာတ်ကားကြီးအား မြန်မာနိုင်ငံရှိအထင်ကရနေရာအများအပြားနှင့်ပြည်ပနိုင်ငံများအထိပါသွားရောက်ရိုက်ကူးထားတယ်လို့သိရပါတယ်။ International Camera , Process, Post Production, Colour Grading, Sound System အပြည့်အစုံများ နှင့် ၄င်းဇာတ်ကားကို International Movie အဖြစ် အဆင့်မှီ ရိုက်ကူးထားတယ်လို့လည်းသိရပါသေးတယ်။

မြန်မာတစ်နိုင်ငံလုံးရှိအမေများကို ကိုယ်စားပြုရိုက်ကူးထားသော “ထာဝရအမေ” ဇာတ်ကားကြီး၏ ဇာတ်လမ်းအမြည်းကို ကြည့်ရုံနှင့်ပင်မိခင်မေတ္တာကိုပီပြင်ပေါ်လွင်စွာ ရိုက်ကူးထားသည်မှာ သိသာထင်ရှားလှပါသည်။ရုပ်ရှင်အမြည်း ( Trailer) ကိုကြည့်ရှုရန် Linkကိုလည်းအောက်မှာပေးထားပါတယ်။

အမေကိုချစ်တဲ့ သားသမီး အားလုံး ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။ 

Source: Eternal Mother

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။