မော်ဒယ်သရုပ်ဆောင်အွန်ဆိုင်းဟာဆိုရင် ပရိတ်သတ်တွေအားပေးလက်ခံမှုကို အပြည့် အဝရရှိထားတဲ့ နာမည်ရအနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ Photo Shooting တွေ MTV Shooting တွေ မှာ ပါဝင်သရုပ်ဆောင်တာကိုတွေ့ရပေမယ့် ရုပ်ရှင်ဇာတ်ကား တွေမှာတော့ သူမကိုမမြင်ရသေးပါဘူး။ လတ်တလောမှာတော့ သူမပါဝင်သရုပ်ဆောင် ထားတဲ့ ဝေလရဲ့ နောင်တဆိုတဲ့သီချင်း MTV ကို M ဆိုင်းလုနဲ့ တွဲဖက်ရိုက်ကူးထားပြီး ပရိတ် သတ်တွေသဘောကျနေကြပါတယ်။ သီချင်းနဲ့တကယ်ကို လိုက်ဖက်တဲ့ သရုပ်ဆောင်ချက် တွေကြောင့် လူကြိုက်များတဲ့ MTV လေးတစ်ခုဖြစ်နေပါတယ်။

သူမက မကြာခင်မှာမြစ်ကြီးနားမြို့ကိုသွားရောက်တော့မှာဖြစ်ပြီး သူမရဲ့သူငယ်ချင်းတွေ ပရိတ်သတ် တွေနဲ့ တွေ့ဆုံဖို့အတွက် ရင်ခုန်နေပါတယ်ဆိုပြီး သူမရဲ့ Facebook ပေါ်မှာ တင် ထားတာဖြစ်ပါတယ်။ သူမဟာကချင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး သူမရဲ့မွေးရပ်မြေကို သွားရ တော့မှာဖြစ်လို့ ရင်ခုန်နေပုံပါပဲ။ တိုင်းရင်းသူလေးအွန်ဆိုင်းဟာ မြစ်ကြီးနာက အမျိုးတွေ (friends,fans) တွေကိုတွေ့ဖို့ ရင်ခုန်နေ တယ်.. #EnervonC Du na bat kru ya shani manaupa kaw an hte ni yawng du taw na..rau yang sawa rit yaw. See you soon..#Myintkyina ဆိုပြီးတင်ထားခဲ့တာဖြစ်ပါတယ်။

သူမဟာ Facebook ပေါ်မှာစာတင်တာဖြစ်ဖြစ် ပုံတင်တာဖြစ်ဖြစ် သူမရဲ့ရိုးရာဘာသာစကား ကို အမြဲလိုလိုထည့်ပြောလေ့ရှိပါတယ်။ ကိုယ့်လူမျိုးကိုချစ်တတ်တဲ့ ကချင်တိုင်းရင်သူလေး တစ်ယောက်ပါ။ သူမရဲ့မွေးရပ်မြေမှာ သူမရဲ့သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေနဲ့ သူမရဲ့ပရိတ်သတ်တွေက စောင့်ကြိုနေကြတာဖြစ်ပါတယ်။ အားလုံးနဲ့တွေ့ဆုံဖို့ သူမကရင်ခုန် နေခဲ့တယ်လို့ဆိုပါတယ်။ သူမရဲ့ Gym Suit လေးနဲ့ရိုက်ထားတဲ့ ရိုးရှင်းတဲ့အလှပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။