မကြာမီကလောလောလတ်လတ်ထွက်ရှိထားသော Popဘုရင်မPinkရဲ့တေးအယ်ဘမ်အသစ်ထဲမှ “Beautiful Trauma,” သီချင်းရဲ့ ဂီတဗီဒီယိုဟာထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အဆိုပါဂီတဗီဒီယိုတွင် ChanningTatumအားသူမနှင့်အတူတွဲဖက်သရုပ်ဆောင်ထားတာကိုတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ChanningTatumဟာဆိုရင်LipSyncBattleမှာဘီယွန်ဆေးအဖြစ်သရုပ်ဆောင်ပြသွားတာကိုလည်းအမှတ်ပြန်ရစေမှာလည်းဖြစ်ပါတယ်။

သူမရဲ့ဂီတဗီဒီယိုမှာဆိုရင်Pinkဟာ၁၉၅၀ခုနှစ်ဆီမှအိမ်ထောင်ရှင်မစတိုင်ဖြင့်သရုပ်ဆောင်ထားပြီးChanningTatumကတော့အရက်ကြိုက်သူခင်ပွန်းအဖြစ်သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ထို့နောက်သူတို့နှစ်ယောက်ဟာ ကခုန်ကြတာကိုLaLaLandရုပ်ရှင်ထဲမှစုံတွဲကသလိုထင်မြင်ရကြောင်းကိုMagicMikeကပြောကြားထားပါသေးတယ်။LGBTကိုထောက်ခံသူPinkဟာလိင်ပြောင်းစုံတွစြရိုက်ကိုပါထည့်သွင်းဖြည့်စွက်ထားပါသေးတယ်။

Pink ရဲ့ခုနစ်ခွေမြောက် တေးအယ်ဘမ်ရဲ့ ခေါင်းစီးတေးသီချင်းဖြစ်တဲ့ “Beautiful Trauma အတွက်သူမအလုပ်တွေရှုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့သည်လိုအလုပ်ရှုပ်နေတဲ့ကြားမှပင်အမေရိကန်ဂီတဆုပေးပွဲမှာလည်း“EverybodyHurts”သီချင်းအားကယ်လီကလက်ဆွန်နှင့်အတူအကောင်းဆုံးသောသီဆိုဖျော်ဖြေတင်ဆက်မှုခဲ့တာလည်းဖြစ်ပါတယ်။“Beautiful Trauma သီချင်းဟာဆိုရင်“WhatAboutUs”နှင့်အီမီနမ်ဖြင့်အတူသီဆိုထားသော“Revenge,”သီချင်းတို့နောက်မှဆက်လက်ထွက်ရှိလာတဲ့ဂီတဗီဒီယိုလည်းဖြစ်ပါတယ်။

Source – Entertainment Weekly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။