အောင်သူရဲ့အောင်မြင်မှှုအပေါ်ဂုဏ်ယူနေတဲ့ဂတ်

မြန်မာနည်းပြကြီးမစ္စတာ ဂတ်ဟာတပည် ့ကျော်

အောင်သူထိုင်းကိုပြောင်းသွားခဲ့တာနဲပတ်သက်ပြီး

ဖရဏပီတိဂွမ်းဆီထိနေရှာပါတယ်။အောင်သူဟာ

သူ ့ရဲ့သားတစ်ယောက်လိုပဲလို ့

ဆူဇူကီးဖလားတုန်းကဂတ်ပြောခဲ့ဖူးပါတယ်။

အောင်သူ၏ အပြောင်းအရွှေ့ဟာ

မြန်မာ့ဘောလုံးလောကအတွက် ကောင်းမွန်သည့် သက်ရောက်မှုရှိမယ်လို ့သူက

၀မ်းမြောက်ဝမ်းသာပြောပါတယ်။

" ထိုင်းပရီးမီးယားလိဂ်လို အဆင့်မြင့်တဲ့ နေရာမှာ သွားရောက်ကစားရမှာဆိုတော့

အောင်သူအတွက်ရော မြန်မာ့ လက်ရွေးစင် အသင်းအတွက်ပါ ကောင်းမွန်တဲ့ သက်ရောက်မှု ရှိပါတယ်။

ထိုင်းလိဂ်အသင်းတွေက နည်းစနစ်လည်း ကောင်းမွန်တယ်၊ ကစားအား (ပါ၀ါ)လည်းရှိကြတယ်။

၂ နှစ်လောက် ထိုင်းလိဂ်မှာ ကစားလိုက်မယ်ဆိုရင် အောင်သူ ဟာ ဒီထက်ပိုတဲ့ ခြေစွမ်း၊

ကြံ့ခိုင်မှု အပြည့်နဲ့ဒေါင်ဒေါင်မြည့် ကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ ဒါဆိုရင် မြန်မာ့ လက်ရွေးစင် အသင်းအတွက် အများကြီး အကျိုးပြုနိုင်ပါလိမ့်မယ်။

ဒီမှာပဲ ကစားနေမယ်ဆိုရင်တော့ သူ့အတွက် တိုးတက်မယ့်လမ်းက ကြန့်ကြာနေမှာပါ။

သူ့ရဲ့အပြောင်းအရွှေ့အတွက် ဂုဏ်ယူပါတယ်" ဟု မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောပါတယ်။

အောင်သူကိုယ်တိုင်ကလည်း"“ကျနော့်ရဲ့ကစားသမားဘဝဒီထက်ပိုမိုတိုးတက်ချင်လို့

အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ထိုင်းလိဂ်က မြန်မာလိဂ်ထက် ပိုပြီးအဆင့်မြှင့်တာကြောင့် ကျနော့်အနေနဲ့

ဒီမှာထက်ပိုပြီးအစွမ်းကုန်ကြိုးစားရမှာပါ။ အောင်မြင်မှုရအောင်နဲ့ ပိုကောင်းတဲ့ကစားသမားဘဝ ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားမှာပါ"တဲ့။

တပည် ့ရဲ့အောင်မြင်မှှုအပေါ်ဂုဏ်ယူနေရှာတဲ့ဆရာဂတ်ကြီးပါပဲ..

ပါ"

source-mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။