ပြည်သူချစ်နိုင်ငံကျော်မင်းသမီးအေးမြတ်သူဟာ သူမရဲ့ချစ်စဖွယ်ပါးချိုင့်လေးတွေနဲ့ ဆွဲဆောင် မှုရှိပြီး ပွင့်လင်းရိုးသားတဲ့စရိုက်လေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အချစ်တော်ဖြစ်နေသူ လေးပါပဲ။ သူမဟာ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး နာမည်ကြီးမင်းသမီး စာ ရင်းဝင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမကလက်ရှိမှာ ကလောမြို့ကိုရောက်ရှိနေတာဖြစ်ပြီး စုံထောက် Video ဇာတ်ကားကို မင်းသား ထိုက်တန်နဲ့ ရိုက်ကူးနေတာဖြစ်ပါတယ်။ ကလောမြို့ ဟာသူမနဲ့ရေစက်ရှိတယ်လို့ဆိုပါတယ်။ ပထမဆုံးခရီးစဉ်ဟာလည်းကလောဖြစ်သလို ဇာတ် ကားရိုက်ရာမှာလည်း ကလောမြို့မှာပဲ ရိုက်ဖြစ်တယ်လို့ဆိုပါတယ်။

ဇာတ်ကားရိုက်ကူးရာမှာဆိုရင် ရန်ကုန်မှာထက် နယ်မှာကိုပိုသဘောကျတယ်လို့ သူမက ဆိုပါတယ်။ ရန်ကုန်မှာရိုက်ကူးတဲ့အခါ အလုပ်ကိုစိတ်ဖြောင့်ဖြောင့်မလုပ်ရပဲ ကိုယ့်ကိုဖိတ် ကြားထားတဲ့ ပွဲလေးတွေကိုတက်ရောက်ချင်တဲ့စိတ်ကြောင့် အလုပ်မှာစိတ်ကသိကအောက် ဖြစ်ရတယ်လို့ဆိုပါတယ်။ နယ်မှာရိုက်ကူးတဲ့အခါမျိုးမှာကျတော့ တခြားအလုပ်ကိစ္စတွေ မရှိတာကြောင့် ကိုယ်ရိုက်ကူးနေတဲ့ ဇာတ်ကားအပေါ်မှာပဲ စိတ်နှစ်ပြီးတစ်စိုက်မတ်မတ် လုပ်ရတာပိုအဆင်ပြေတာကြောင့် ရန်ကုန်မှာထက်နယ်မှာ ဇာတ်ကားရိုက်ရတာကို အေးမြ တ်သူက ပိုမိုနှစ်သက်တယ်လို့ဆိုပါတယ်။

ရှေ့ဆက်ပြီးတော့ MRTV 4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ မနေ့ကဖြစ်သည် အပိုင်း (၂) ကို ရိုက် ကူးဖို့ ထပ်မံကမ်းလှမ်းခံရတာဖြစ်ပြီး သူမအနေနဲ့လည်း အားပေးတဲ့ပရိတ်သတ်ကိုကျေးဇူး တင်ကြောင်း ပြောပါတယ်။ တခြားဇာတ်လမ်းတွဲတွေလက်ခံထားတာရှိတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလနဲ့ဖေဖော်ဝါရီလတွေမှာ ရုပ်ရှင်ကားကြီးတွေရိုက်ကူးဖို့ရှိတယ်လို့လည်း သူမ ကဆိုပါတယ်။ အားတဲ့အချိန်လေးတွေမှာတော့ ခရီးထွက်ဖြစ်မှာဖြစ်ပြီး ပရဟိတလုပ်ငန်း လေးတွေကိုလည်း လုပ်ဆောင်သွားမယ်လို့သူမကဆိုပါတယ်။ ပွင့်လင်းရိုးသားပြီး ချစ်စရာ ကောင်းတဲ့ အေးမြတ်သူကို ပရိတ်သတ်ကြီးဒီထက်ပိုပြီး ဝန်းရံပေးပါဦးနော်။

Source - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။