အနုပညာလောကရဲ့ နာမည်ရ အဆိုတော် တစ်ဦးဖြစ်တဲ့ အာဘွိုင်းနဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး မြတ်ရတနာကျော်တို့စုံတွဲကတော့ မကြာမီ လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ ပရိသတ်တွေ သဘောကျတဲ့ အနုပညာစုံတွဲတွေထဲမှာ သူတို့နှစ်ဦးလည်းပါဝင်ပြီး တလောက Pre Wedding ဓာတ်ပုံတွေကို နာမည်ကြီးအဆိုတော်တွေနဲ့အတူ ပြည်ပမှာ သွားရောက်ရိုက်ကူးခဲ့ပါသေးတယ်။

ယခုအခါမှာလည်း သူတို့ရဲ့ Pre Wedding ဓာတ်ပုံအသစ်တွေဟာ လူမှုကွန်ယက်ပေါ်မှာ လူကြိုက်များလို့နေပြန်ပါတယ် ပရိသတ်ကြီးရေ။ အာဘွိုင်းကတော့ မင်္ဂလာအကြိုဓာတ်ပုံလေးကို သူ့ရဲ့ လူမှုစာမျက်နှာ တင်ထားပြီး..

"I am so fully, completely, seriously, thoroughly, passionately, downright in love with you!

#PreWedding #ABMYDNKPreWedding" ဆိုပြီး ရေးသားထားပါတယ်။

မင်းသမီး မြတ်ရတနာကျော်ကလည်း သူမရဲ့ လူမှုစရမျက်နှာမှာ "I am so fully, completely, seriously, thoroughly, passionately, downright in love with you!

#PreWedding #ABMYDNKPreWedding" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုစိတ်ဝင်စားနေကြပြီး ဘယ်လိုကျင်းပမလည်းဆိုတာကိုတော့ စောင့်ကြည်ကြပါစို့ ပရိသတ်ကြီးရေ....

Photo Source: Naing Naing Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။