သရုပ်ဆောင် သွန်းဆက်ကို ယနေ့မနက်မှာ ပဌာန်းရွတ်ဖတ်ပူဇော်ဖို့ ခန့်စည်သူက ပဌာန်းအကျယ် (၅)အုပ်လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

သီလရှင်ဝတ်ထားဖူးတာမကြာသေးတဲ့ မင်းသမီးချောလေး သွန်းဆက်ဟာ သူမရွတ်ဖတ်ပူဇော်ဖို့ လိုအပ်နေတဲ့ ပဌာန်းအကျယ်ကို ရုပ်ရှင်မင်းသားခန့်စည်သူက လှုဒါန်းခဲ့တဲ့အကြောင်း လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

“မင်္ဂလာနံနက်ခင်းလေးပါရှင်

ကိုခန့် ရဲ့ ဓမ္မဒါန မွန်မြတ်သော အလှူလေးပါရှင်

ပဌာနပါဠိ .. ပဌာန်း အကျယ် ၅ အုပ် ရွတ်ဖတ်ပူဇော်ခွင့်ရရန် ဓမ္မဒါန လှူဒါန်း ခဲ့သော ကိုကြီးခန့် ကျေးဇူး ကမ္ဘာပါရှင့်”

အနုပညာမောင်နှမတွေဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ခန့်စည်သူ နဲ့ သွန်းဆက်တို့ဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အတူတူသရုပ်ဆောင်ဖူးကြသလို အပြင်မှာလည်း ရင်းနှီးကြသူတွေဖြစ်ပါတယ်။

သွန်းဆက်ရဲ့ ပို့စ်အောက်မှာ သရုပ်ဆောင်ခန့်စည်သူအပါ၀င် နေဒွေး ၊ခိုင်နှင်းဝေ ၊ လှအဥ္ဇလီတင့် ၊ ဝေလျံ တို့က မှတ်ချက်ကိုယ်စီပေးထားကြပါတယ်။

ပရိသတ်အချစ်တော်နှစ်ဦးဖြစ်ကြတဲ့ ကိုခန့် နဲ့ သွန်းဆက်ရဲ့ လေးစားဖွယ်ရာ ကုသိုလ်အတွက် ပရိသတ်ကြီး သာဓုခေါ်လိုက်ပါဦးနော်။  

Source : Thunsett fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။