MRTV-4 မှစီစဉ်ကျင်းပတဲ့ Forever Star ပြိုင်ပွဲရဲ့နောက်ဆုံး လူရွေးပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။ထိုပြိုင်ပွဲတွင် အကယ်ဒမီ မင်းမော်ကွန်းမှလည်း အကဲဖြတ်ဒိုင်တစ်ဦးအဖြစ်ပါ၀င်ကူညီပေးထားပါတယ်။သူ၏ Facebookတွင်လည်း “ဒီနေ့တော့ Mrtv4 ရဲ့ Forever star အစီအစဉ်မှာ

ဒိုင်ကျော်ကျော် ပေါ့ ” ဟုရေးပီး ပရိသတ်ကို အရွှန်းဖောက်ခဲ့ပါတယ်။

မြန်မာ့ရုပ်သံလောကရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး Reality Show ဖြစ်လာမယ့် Forever Stars ပြိုင်ပွဲဟာအနာဂတ်မှာတောက်ပဖို့ကြိုးစားနေကြတဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားမှုတွေ ၊ ယှဉ်ပြိုင်မှုတွေနဲ့ နောက်ကွယ်က အမှတ်တရတွေပါ ကြည့်ရှုခံစားရမှာပါ .Forever Stars ဖြစ်ဖို့ ကြိုးစားယှဉ်ပြိုင်သူတွေဟာဆိုရင်တော့ သရုပ်ဆောင်မှုပိုင်နိုင်ယုံသာမက အဆို၊အက စတဲ့တခြားသော အတတ်ပညာဘက်ပေါင်းစုံကိုပါ ချဉ်းကပ်နိုင်ကြရမှာပါ။

အဆိုပါလူရွေးပြိုင်ပွဲ အပတ်စဉ်တစ်လျှောက် တွင် အနုပညာလောကမှ နာမည်ကြီးသရုပ်ဆောင်များစွာနှင့် အတတ်ပညာရှင်များစွာကလည်း ကူညီပါ၀င်ပေးခဲ့ကြပါတယ်။ Forever Star လူရွေးပြိုင်ပွဲတစ်လျှောက် ရိုက်ကူးထားသည်များကို MRTV-4 တွင် အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့တိုင်း ည၈နာရီ၄၅မိနစ်တွင်ပြန်လည်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Source: Kyaw Kyaw Htay Lwin (Facebook Account)

Forever Stars (Facebook Page)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။