မိသားစုဘဝလေးတွေပိုင်ဆိုင်ထားပြီး ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အနုပညာရှင်ထဲမှာ အဆိုတော်ဒီဖြိုးတစ်ယောက်လည်း အပါအဝင်ပါပဲ။

သီချင်းခွေမထွက်တာကြာပြီဖြစ်တဲ့ အဆိုတော် Dဖြိုးဟာ ဇနီးချောလေးနဲ့ သားလေးတစ်ယောက်နဲ့အတူ ပျော်စရာမိသားစုဘဝလေးဖြတ်သန်းနေတာဖြစ်ပါတယ်။

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ဒီဖြိုးဟာ ငါ၀အောင်ငိုလိုက်မယ် ၊ ဒီကောင်မလေးအတွက် သီချင်းလေးနဲ့လူငယ်ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိခဲ့တာပါ။

တစ်ကိုယ်တော်ခွေထွက်ရှိဖူးပြီး လူငယ်ပရိသတ်တွေရဲ့ ခံစားချက်နဲ့ထပ်တူကျတဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုရင်း နာမည်ကြီးလာသူဖြစ်ပါတယ်။

ရှိုးပွဲအချို့မှာသာ သီဆိုလေ့ရှိတော့တာတွေ့ရတဲ့ ဒီဖြိုး ကို သူ့သူငယ်ချင်းတွေဖြစ်တဲ့ အဆိုတေ်ာဝေလျံ ၊ယုန်လေး တို့နဲ့ မကြာခဏအပြင်မှာ ဆုံဖြစ်တဲ့ပုံလေးတွေကို လူမှုကွန်ရက်မှာ တွေ့ရတတ်ပါတယ်။

ချစ်စရာကောင်းတဲ့သားလေးပိုင်ဆိုင်ထားတဲ့ ဒီဖြိုးရဲ့ မိသားစုပုံရိပ်တွေကို ပရိသတ်တွေကြည့်ရင်း အပျော်တွေကူးစက်မယ်လို့မျှော်လင့်ပါတယ်။  

Source : Dphyofb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။