ယခုနောက်ပိုင်းဝါသနာပါတဲ့အနုပညာအလုပ်ကိုဇောက်ချလုပ်ကိုင်နေပါတယ်ဆိုတဲ့မင်းသမီးချောယဉ်လတ်ပဲဖြစ်ပါတယ်။ယဉ်လတ်ဟာအနုပညာလောကမှာရှားရှားပါးပါးကိုယ်ခံပညာအစုံတက်မြောက်ကျွမ်းကျွင်နေပြီးတိုက်ကွမ်ဒိုခါးပတ်နက်ပါရရှိထားတဲ့သူပဲဖြစ်ပါတယ်။သူမဟာအက်ရှင်ကားတော်တော်များများရိုက်ကူးလေ့ရှိပြီးအလန်းစားတိုက်ကွန်တွေနဲ့အက်ရှင်ချစ်ပရိသတ်တွေကိုညို့ယူဖမ်းစားနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယခုနောက်ပိုင်းမှာတော့အက်ရှင်ဇာတ်ကားတွေအပြင်မတူညီတဲ့ဇာတ်ရုပ်အမျိုးမျိုးကိုကြိုးစားသရုပ်ဆောင်လာတာဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးလာတာပဲဖြစ်ပါတယ်။ 

အက်ရှင်ဇာတ်ကားတွေကိုသာအသားပေးရိုက်ကူးလေ့ရှိတဲ့မင်းသမီးလေးယဉ်လတ်အဖို့မျက်ရည်ကျတဲ့ဇာတ်ဝင်ခန်းလေးရိုက်ကူးဖို့ဆိုတာတော်တော်လေးခက်ခဲနေမှာပဲဖြစ်ပါတယ်။သူမလက်ရှိရိုက်ကူးနေတဲ့ဇာတ်ကားလေးရဲ့ဇာတ်ဝင်ခန်းလေးတစ်ခုမှာငိုရတဲ့ဇာတ်ဝန်းခန်းလေးတစ်ခုပါလာတာကြောင့်နဲနဲအခက်ခဲလေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့အခက်ခဲတွေကိုမင်းသမင်းချောသန်းသန်းစိုးကသေချာကူညီပေးခဲ့ပါတယ်လို့သိရပါတယ်။ဘယ်လိုခံစားပြီးငိုရမလဲဘယ်လိုမျက်ရည်ထုတ်ရမလဲဆိုတာကအစသေချာလေးသင်ကြားပေးပါတယ်လို့ဆိုပါတယ်။သူမရိုက်နေတဲ့အချိန်အတွင်းမှာလဲခံစားချက်သွင်းလို့ရအောင်ကင်မရာနောက်ကွယ်ကနေကိုယ်တိုင်မျက်ရည်ပေါက်ပေါက်ကျအောင်တီတီငိုပြပြီးသေချာလေးသင်ကြားကူညီပေးခဲ့တယ်လို့ဆိုပါတယ်။ပညာတွေလဲအများကြီးရလိုက်ပါတယ်တီတီကိုကျေးဇူးတင်ပါတယ်ရှင်လို့သူမရဲ့လူမှုကွန်ယက်မှာသရုပ်ဆောင်သန်းသန်းစိုးအတွက်ကျေးဇူးတင်စကားလေးရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။  

ယဉ်လတ်ဟာလက်တစ်လောအနုပညာလှုပ်ရှားမှုအနေနဲ့"မြှား"ဆိုတဲ့ဗီဒီယိုဇာတ်ကားလေးရိုက်ကူးနေတယ်လိုသိရပါတယ်။လာမယ့်ဒီဇင်ဘာလမှာလဲရုပ်ရှင်ကားကြီးတွေရိုက်ကူးဖို့လက်ခံထားပါတယ်လို့ဆိုပါတယ်။ယဉ်လတ်ဟာဒီလိုအက်ရှင်ကားလေးတွေရိုက်ရတာလဲအရမ်းပျော်တယ်လို့ဆိုပါတယ်။ဒဏ်ရာတွေအများကြီးရခဲ့ပြီးသေမလိုဖြစ်ခဲ့တဲ့အခက်ခဲတွေနဲ့ကြုံခဲ့ရပေမယ့်လဲအခုလိုအက်ရှင်ကားလေးတွေရိုက်ရတာသဘောကျပါတယ်။ဒဏ်ရာရလာရင်တောင်ပျော်နေပါတယ်လို့ဆိုပါတယ်။နောက်ပိုင်းမှာလဲပရိသတ်တွေကိုမတူညီဇာတ်ရုပ်လေးတွေတင်ဆက်နိုင်ဖို့အကောင်းဆုံးကြိုးစားနေပါတယ်အားပေးကြပါအုန်းလို့ဆိုပါတယ်။ချစ်စရာမင်းသမီးချောလေးယဉ်လတ်ရဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ယဉ်လတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။