ယမန်နေ့ညက ယူရိုပါလိဂ်ပွဲစဉ်များကစားခဲ့ပါတယ်။ အင်္ဂလန်အာဆင်နယ်ကတော့ ကိုလုံးနှင့်ကစားခဲ့ပါတယ်။ ကိုလုံးကဂျာမနီဘွန်ဒက်လီဂါကလပ်ပါ။ ကိုလုံးတို့၏ အိမ်ကွင်းမှာကန်ခဲ့တာပါ။ အာဆင်နယ်ကတော့ ၀ီရှိုင်းယားကို ပြန်လည်ပွဲထုတ်လာခဲ့ပါတယ်။ ဒါ့အပြင် ဂျီရူးလည်း ပါ၀င်လာပါတယ်။ ပွဲကစားတယ်ဆိုတာနှင့် အာဆင်နယ်တို့ ဖိခဲ့ပါတယ်။

အာဆင်နယ်က အခွင့်အရေးအမြောက်အများလည်းရခဲ့ပါတယ်။ သို့သော် ဦးဆောင်ဂိုးကိုရခဲ့တာက ကိုလုံးပါ။ ပွဲချိန် ၆၂မိနစ်မှာ ကိုလုံးတိုက်စစ်မှူး ဗွီရက်ဆီကို ပင်နယ်တီအေရိယာထဲမှာ အာဆင်နယ်ကစားသမားတွေ တွန်းလှဲသလိုဖြစ်ခဲ့ကာ ကိုလုံးတို့ပင်နယ်တီရရှိခဲ့ပါတယ်။ ရရှိလာတဲ့ပင်နယ်တီကို ဗွီရက်ဆီကသွင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ အာဆင်နယ်တို့ ချေပဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ပွဲအပြီးမှာ အာဆင်နယ်တို့ကိုလုံးကို ၁-၀ ဖြင့်ရှုံးခဲ့ပါတယ်။

ဒါ့ကြောင့် ပွဲအပြီးမှာ အခွင့်အရေးတွေဖြုန်းမိလို့ ရှုံးတာလို့ အာဆင်နယ်နည်းပြအာစင်ဝင်းဂါး ကပြောခဲ့ပါတယ်။ အာဆင်ဝင်းဂါးက "ကိုလုံးအသင်းဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်သာရရှိခဲ့တဲ့ပွဲကိုကျွန်တော်တို့ရှုံးနိမ်ခဲ့ပြီးသူတို့ရသွားတဲ့ဂိုးကပင်နယ်တီကပါ။ ကျွန်တော်တို့ဟာဂိုးရဖို့အတွက်အမြဲလိုလိုတစ်စုံတစ်ခုလိုအပ်နေခဲ့ပါတယ်။ ကိုလုံးဟာစိတ်ဓာတ်အပြည့်နဲ့ခံစစ်ကစားသွားခဲ့ပြီးဒီညဟာသူတို့အတွက်ပြီးပြည့်စုံတဲ့ညတစ်ညဖြစ်သွားခဲ့ပါတယ်။ ဝီရှိုင်းယား ဝဲဘတ် ဂီရော့တို့အခွင့်အရေးတွေအနီးစပ်ဆုံးရခဲ့ပေမယ့်ကျွန်တော်တို့ရဲ့အဆုံးသတ်ပိုင်းတကျမှုမရှိခဲ့ပါဘူး။" လို့ပြောခဲ့ပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။