"တွံတေးမှ ပယောဂဆရာကို ပုဒ်မ ၃ ခု ဖြင့် တရားစွဲ "

တွံတေးမြို့နယ်မှ ကလေးငယ် ၃ ဦးကိုပယောဂဝင်သည်ဆိုကာ ရိုက်နှက် သတ်ဖြတ်ခဲ့သည့် ပယောဂဆရာ ကိုထွန်းနိုင်ကို လူသတ်မှု၊ သာမာန်နာကျင်စေမှု၊ အလောင်းဖျောက်ဖျက်မှု ပုဒ်မများဖြင့် တောင်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို လိုက်ပြီ ဖြစ်သည်။

သေဆုံးသည့်ကလေးများ၏ ဖခင်ကိုစိုးမင်းက တရားလိုပြုလုပ်၍ ပုဒ်မ ၃၀၂၊ ၃၂၃၊ ၂၀၁ တို့ဖြင့် ယနေ့ နိုဝင်ဘာ ၁၈ ရက်တွင် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။ “ကျွန်တော် စိတ်လွတ်ပြီး သတ်မိတာပါ။ မကောင်းတရားတွေ ကပ်ပြီး သတ်မိတာပါ “ဟု ကလေးများကို သတ်ခဲ့သည့် ပယောဂဆရာက တရားရုံးမှ အထွက်တွင် ပြောကြားခဲ့သည်။

Source: 7 Days Daily

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။