နိုဝင်ဘာ(၂၄)ရက်ဒီနေ့မနက်(၂)နာရီအချိန်ခန့်ထိုင်းနိုင်ငံမွမ်းခရိုင်တွင်နာရီကျော်အချိန်ကမော်တော်ယာဉ်တစီးတိမ်းမှောက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီးတယ်လို့သိရပါတယ်။အဆိုပါမီလောင်ကျွမ်းခဲ့တဲ့မော်တော်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ မြန်မာ ၁၃ ဦးနှင့် ထိုင်းလူမျိုးယာဉ်မောင်း စုစုပေါင်း(၁၄)ဦးမှာ ယာဉ်အတွင်းပိတ်မိ၍ မီးလောင်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမွမ်ခရိုင်မှဘန်ကောက်အသွားအာရှအဝေးပြေးလမ်းမကြီးရဲ့ကီလိုမီတာ(၉၀+၆၀၀)တွင်မော်တော်ယာဉ်တိမ်းမှောက်ခဲ့တာပဲဖြစ်ပါတယ်။အခင်းဖြစ်ပွားရာနေရာသို့ မွမ်ဆင်းဘူရီရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ခဲ့ရာမီးလောင်ကျွမ်းထားသောဘန်ကောက်လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသည့်ဗန်ကားတစီးနှင့် နာခုံဆာဝမ်လိုင်စင်တပ်(၁၀)ဘီးကားတို့တွေရှိခဲ့တယ်လို့သိရပါတယ်။ထို့အပြင်ဆန်အိတ်များတင်ဆောင်ထားသော(၁၀)ဘီးလော်ရီယာဉ်မှာလမ်းမအလယ်တွင်ရောက်ရှိနေတာကိုလဲတွေ့ရှိရတယ်လို့မွမ်ဆင်းဘူရီရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

၎င်းဗန်ကားတွင် Boon Ruean Tour Co Ltd ဆိုသောကုမ္ဗဏီအမည်ပါရှိပြီး ယာဉ်ပေါ်မှမီးကျွမ်းနေသည့် အလောင်း ၁၄ လောင်းကိုတွေ့ရှိခဲ့ပြီး ကနဦးစုံစမ်းတွေ့ရှိချက်များအရ သေဆုံးသူ ၁၃ ဦးမှာမဲဆောက်မှ ဘန်ကောက်သို့သွားမည့် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

ဗန်ကားကလော်ရီကိုအနောက်မှရုတ်တရက်ဝင်တိုက်ခဲ့ပြီးတိမ်းမှောက်မီးလောင်သွားခြင်းဖြစ်ကြောင်း လော်ရီယာဉ်မောင်းအသက်(၅၅)နှစ်အရွယ်SoonthornFakthongကပြောပါတယ်။လက်ရှိမှာတော့မီးလောင်ကျွမ်းထာသည့်ရုပ်လောင်းများကိုစစ်ဆေးရန်အတွက်မှုခင်းစစ်ဆေးရေးဆေးဘက်ဆိုင်ရာအင်စတီကျုသို့ ပို့ဆောင်ထားပြီးဆက်လက်၍ အလောင်းများကို သေဆုံးသူများရဲ့မိသားစုဝင်များထံ လွှဲပေးမယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - New Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။