ကန်တိုနာဆိုတာကတော့ နာမည်ကျော် ဘောလုံးသမားတစ်ဦးပဲဖြစ်ပါတယ်။ ကန်တိုနာက မန်ချက်စတာယူနိုင်တက်မှာ အောင်မြင်မှု အလီလီဆွတ်ခူးနိူင်ခဲ့သူပါ။ ကန်တိုနာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ရ ဟာ မန်ယူသမိုင်းကြောင်းမှာ နာမည်ကြီးတဲ့ ကျောနံပါတ်တစ်ခုပဲဖြစ်ပါတယ်။ အဆိုပါ နံပါတ်ဟာ ယခုအခါ ၀တ်ဆင်တဲ့လူ မရှိဖြစ်နေပါတယ်။

ဒါ့ကြောင့် ကန်တိုနာက လစ်လပ်ကျောနံပါတ်ရအတွက်အကြံပေးလိုက်ပါတယ်။ ဒီနံပါတ်ရက လက်တလောမှာဝတ်ဆင်သူတွေအတွက် ကံမကောင်းဖြစ်နေပါတယ်။ ဒီပိုင်းနဲ့ဒီမာရီယာက ၀တ်ဆင်ရာမှာ နာမည်ကောင်းမရခဲ့ပါဘူး။ ကန်တိုနာ အတွက် အနှစ်သက် ဆုံး ကျောနံပါတ် ရ ပိုင်ရှင်ကတော့ PSG စတား ဂျာဗီယာ ပက်စ်တိုရီ ဖြစ်ပါတယ်။ 

ကန်တိုနာက “ပက်စ်တိုရီ ကို ကျွန်တော် သဘောကျပါတယ် ။ သူ က ပဲရစ်မှာ ဘောလုံးကစားနေပါတယ် ။ ဒါပေမယ့် အသင်းနဲ့တော့မဟုတ်ပါဘူး ( PSG မှာ ပွဲမထွက်ရခြင်းကို ဆိုလိုသည် ) ။ သူက စပါယ်ရှယ် ကစားသမားပါ ။ အမြဲတမ်းလည်း အံ့သြစရာတွေကို လုပ်ပြနိုင်တဲ့သူပါ ။ မင်းရဲ့ မြင်ကွင်းထဲမှာ တစ်ခါမှ ရှိမနေတဲ့ သူဆီကို သူက ဘောလုံးရောက်အောင် ပို့ပေးနိုင်တဲ့သူမျိုးပါ ။ သူ က အာဂျင်တီးနား လက်ရွေးစင်လေ ။ တကယ့် ဘောလုံးမျိုးဆက်ရှိတဲ့ နိုင်ငံပေါ့ ။ ဒီအတွက် သူကစား ပါတယ် ။ ငွေအများကြီး ရှိတဲ့ ပဲရစ်က ကလပ်သေးသေးလေးအတွက် သူ ကစားမှာမဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။